DVB Logo
Home
မြန်မာသတင်း
စစ်တောင်းမြစ်ရေကြီးမှုကြောင့် တောင်ငူမြို့ အနိမ့်ပိုင်းရပ်ကွက်များရေကြီးရေလျှံ
DVB
·
August 30, 2018
စစ်တောင်းမြစ်ရေကြီးမှုကြောင့် တောင်ငူမြို့ အနိမ့်ပိုင်းရပ်ကွက်များရေကြီးရေလျှံ
Donate to DVB

စစ်တောင်းမြစ်ရေကြီးတဲ့အတွက် ဒီနေ့မနက် အစောပိုင်းကစပြီး တောင်ငူမြို့ အနိမ့်ပိုင်း ရပ်ကွက်တွေမှာ ရေဝင်ပြီး ရေကြီး ရေလျှံနေပါတယ်။

ဒီမနက် ၅ နာရီလောက်ကစပြီး အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဝင်နေတာဖြစ်ပြီး ရေတက်မြန်တယ်လို့ ဒေသခံ ဦးစောဟေမူးထူးက ပြောပါတယ်။

တောင်ငူမြို့ စစ်တောင်းတံတား အရှေ့ဘက်ကမ်း ရပ်ကွက်တွေမှာ ရေဝင်ကာ ရေကြီး ရေလျှံနေတာဖြစ်ပြီး ကျောင်းတွေလည်း ပိတ်ထားသလို အမှတ် ၅ ကျောင်းမှာ ကယ်ဆယ်ရေးစခန်း ဖွင့်ထားတယ်လို့ ဆိုပါတယ်။

“အရှေ့ဘက်ကမ်းကျောင်းတွေ ပိတ်တယ်၊ မြို့ထဲက ကျောင်းတွေတော့ ဖွင့်တယ်။ အနိမ့်ပိုင်းတွေ အိမ်ထဲ ရေဝင်ကုန်ပြီ။ ဘယ်လောက်ဆိုတာ တိုင်းမရဘူးလေ။ တချို့နေရာဆို ခါးထိရောက်တယ်။ အနိမ့်အမြင့်မတူဘူး” လို့ ဦးစောဟေမူးထူးက ပြောပါတယ်။

မနေ့က ဖြစ်ပွားခဲ့တဲ့ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲကျိုးပေါက်ခဲ့လို့ ရေတာရှည် မြို့နယ်အတွင်း ဆွာမြို့အပါအဝင် ကျေးရွာ ၈၅ ရွာ ရေကြီးပြီး အိမ်ထောင်စု ၁၄၃၅၇ စုလူဦးရေ ၆၃၀၀၀ ကျော် ရေဘေးသင့်ခဲ့တာပါ။

ဆွာချောင်းရေကနေ ရေတွေ စစ်တောင်းမြစ်ထဲစီးဝင်ပြီး တောင်ငူမှာ ခုလိုရေကြီးတာလို့ ယူဆကြောင်း ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013