DVB Logo
Home
မြန်မာသတင်း
သာယာဝတီမြို့မစခန်းမှူး အပါအဝင် တပ်ဖွဲ့ဝင်များကို အဂတိလိုက်စားမှုဖြင့် တိုင်ကြား
DVB
·
August 30, 2018
သာယာဝတီမြို့မစခန်းမှူး အပါအဝင် တပ်ဖွဲ့ဝင်များကို အဂတိလိုက်စားမှုဖြင့် တိုင်ကြား
Donate to DVB

ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့မ ရဲစခန်းမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တချို့ဟာ လူ့အခွင့်အရေး ချိုးဖောက်မှု၊ အဂတိလိုက်စားမှုတွေ ကျူးလွန်ခဲ့ကြတယ်ဆိုပြီး အချုပ်သားတဦးရဲ့ဇနီးက နိုင်ငံတော်အဆင့် ကော်မရှင်တွေထံ တိုင်ကြားခဲ့ပါတယ်။

ခင်ပွန်းသည် ကိုသန်းဇော်ကျွဲခိုးမှုနဲ့ ဖမ်းဆီးခံရစဉ် အချုပ်ခန်းတွင်းမှာ နိုင်ထက်စီးနင်း လုပ်တာ၊ ငွေပေးရတာတွေကြောင့် မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နဲ့ လူ့အခွင့်အရေးကော်မရှင်တို့ထံ သြဂုတ် ၁၀ ရက်နေ့မှာ တိုင်ကြားခဲ့တာလို့ ဇနီးဖြစ်သူ မဇင်မာက ပြောပါတယ်။

"ကျွဲခိုးတယ်ဆိုပြီး ဦးပျော့ကြီးဆိုတဲ့သူက ၄ ယောက်ကို တိုင်တယ်။ ဖမ်းတော့ ကျမယောက်ျားတယောက်တည်းကို ဖမ်းတယ်။ အချုပ်ထဲမှာ စခန်းမှူး ဦးလှသိန်းက လက်ထိတ် နာက်ပြန်ခတ် စစ်ဆေးတာတွေလုပ်ပြီး တညလုံးထားတယ်၊ ငွေ ၅ သောင်းပေးမှ လက်ထိတ်ဖြုတ်ပေးတယ်။ အမှုစစ်တွေ၊ ရဲမေတွေကလည်း ကျမယောက်ျားနဲ့ တွေ့ဖို့သွားတာကို တွေ့ခွင့်မပေးဘူး၊ ကျမကိုလည်း ခြိမ်းခြောက်တာတွေ လုပ်တယ်။ ကင်းကျတဲ့ရဲတွေက ကျမယောက်ျားကို အနိုင်ကျင့်တာတွေ ရန်လုပ်တာတွေလုပ်တယ်။ ကျမတို့ ပြည်သူတွေ့အနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ရဲစခန်းကိုသွားရတာပါ။ ကူညီပရစေဆိုတဲ့ ဆိုင်းဘုတ် ထောင်ထားပြီး အကူအညီမရဘူး။ အချူပ်သားအပေါ် နိုင့်ထက်စီးနင်းလုပ်တယ်။ ငွေပေးမှ မလုပ်တော့တာတွေက အခုလိုခေတ်ထဲမှာ မရှိသင့်တော့ပါဘူး။ ကျမတို့က မမှန်မကန်လည်း စွပ်စွဲခံရတယ်၊ လူ့အခွင့်အရေးလည်း ချိုးဖောက်ခံရတဲ့အတွက် တိုင်တာပါ။ အခုအခါ စခန်းမှူး ဦးလှသိန်းလင်မယားနဲ့ ရဲတွေက ကျမကို တိုင်စာတွေ ရုပ်သိမ်းပေးဖို့ ဖိအားပေးတာတွေ၊ ခြိမ်းခြောက်တာတွေပါ ပြုလုပ်နေတယ်"လို့ ပြောပါတယ်။

ဒီကျွဲပိုင်ဆိုင်မှု အငြင်းပွားတာနဲ့ပတ်သက်လို့ ရဲစခန်းမှာ မတိုင်ကြားခင် သူကြားဝင် ညှိနှိုင်းပေးခဲ့ပေမယ့် မပြေလည်ဘူးလို့ ဆယ်အိမ်မှူး ဦးလှသောင်းဝင်းက ပြောပါတယ်။

"ကျွဲကိစ္စနဲ့ပတ်သက်ပြီး ကျေန်ာတခါရှင်းပေးခဲ့တယ်၊ အဆင်မပြေဘူး။ ဒါကြောင့် တိုင်တဲ့သူက ရဲစခန်းမှာ အမှုဖွင့်တိုင်တယ်။ ရဲက ညဘက် သန်းဇော်ကို လာဖမ်းသွားတယ်။ တကယ်ဆို သူတို့က အိမ်နီးနားချင်းတွေပါ။ ကျွဲကိုခိုးတယ်ဆို တခါတည်း ရောင်းတာတွေ သတ်တာတွေ လုပ်မှာပေါ့။ အခုက အဲလိုမဟုတ်ဘူး၊ သူခြံထဲမှာ သူချည်ထားတာပါ။ ကျေန်ာတို့အနေနဲ့က ဒါကမဖြစ်သင့်ဘူးလို့ ထင်ပါတယ်" လို့ ပြောပါတယ်။

ခိုးမှုနဲ့စွပ်စွဲခံရသူ မှော်အင်းကျေးရွာနေ ကိုသန်းဇော်ကတော့ သာယာဝတီမြို့မစခန်းက ခိုးမှုနဲ့ အမှုဖွင့်တာကြောင့် သာယာဝတီမြို့နယ်တရားရုံးမှာ အာမခံမရဘဲ အမှုရင်ဆိုင်နေရပါတယ်။

ကော်မရှင်တွေထံ တိုင်ကြားချက်နဲ့ပတ်သက်လို့ အတိုင်ခံရသူ သာယာဝတီမြို့မ ရဲစခန်းမှူး ဦးလှသိန်းနဲ့ ရဲစခန်းတာဝန်ရှိသူတွေကို မေးမြန်းဖို့ အကြိမ်ကြိမ်ကြိုးစားပေမယ့် မရပါဘူး။

ဒါ့ပေမယ့် သာယာဝတီမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မျိုးသန့်ကတော့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ အဂတိလိုက်စားမှု စတဲ့ တိုင်ကြားချက်အပေါ် စုံစမ်းစစ်ဆေးနေတယ်လို့ ဒီဗွီဘီကို ဖြေကြားပါတယ်။

သြဂုတ် ၁၀ ရက်နေ့က သာယာဝတီစခန်းမှူးနဲ့ တပ်ဖွဲ့ဝင်တွေကို အဂတိ တိုက်ဖျက်ရေးနှင့် လူအခွင့်ရေးကော်မရှင်ကိုတိုင်ကြားခဲ့ပြီး သြဂုတ် ၂၈ ရက်နေ့က တိုင်ကြားသူ မဇင်မာကို ခေါ်ယူစစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013