DVB Logo
Home
မြန်မာသတင်း
ဆွာချောင်း ရေပိုလွှဲနံရံ  ပြိုကျမှု ကန်ရေ ၃၀ ရာခိုင်နှုန်းခန့်သာကျန်ရှိ၊ စိုးရိမ်စရာမရှိတော့ဟုဆို
DVB
·
August 30, 2018
ဆွာချောင်း ရေပိုလွှဲနံရံ  ပြိုကျမှု ကန်ရေ ၃၀ ရာခိုင်နှုန်းခန့်သာကျန်ရှိ၊ စိုးရိမ်စရာမရှိတော့ဟုဆို
Donate to DVB

ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ လက်တံမြောင်းနံရံ ပြိုကျရာမှာ ကန်ထဲမှာရေ ၃၀ ရာခိုင်နှုန်းလောက်ပဲ ရှိတော့တဲ့အတွက် စိုးရိမ်စရာအခြေအနေ မရှိတော့ဘူးလို့ ဆည်မြောင်း တာတမံပညာရှင် ဦးဝင်းမောင်က  ဒီဗွီဘီကို ပြောပါတယ်။

အခုလို ရေပိုလွှဲနံရံပြိုကျမှုကို မျက်မြင်သုံးသပ်ချက်အရ အောက်ဘက်တနေရာက ပျော့ညံ့ချက်ရှိတာကြောင့် အခုလိုဖြစ်တာလို့ သုံးသပ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပညာရှင်တွေ ဆွေးနွေးအဖြေရှာရမယ်လို့ ဦးဝင်းမောင်က ပြောပါတယ်။

ဆွာချောင်း ရေလှောင်တမံ ရေပိုလွှဲဟာ သြဂုတ် ၂၉ ရက်မနက် ၆ နာရီလောက်က ရေပိုလွှဲကနေ ရေစီးရေကျော် အရှိန်များတာကြောင့် ရေပိုလွှဲ ယာဘက်အခြမ်း ပဲ့ကျခဲ့ပြီး ရေအထွက်များသွားခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်ကြောင့် စစ်တောင်းမြစ်ကမ်းဘေးရှိ ကျေးရွာတွေ အထူးသတိပြု နေထိုင်ကြဖို့နဲ့ ရေပိုလွှဲညာဘက်ခြင်း ကျိုးပေါက်မှု ပြန်လည်ပြင်ဆင်နိုင်ဖို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာနညွှန်ကြားရေးမှူး ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတွေက အနီးကပ်ကြီးကြပ် ဆောင်ရွက်နေတယ်လို့ ပဲခူးတိုင်း အစိုးရ အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မနေ့က ဖြစ်ပွားခဲ့တဲ့ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲကျိုးပေါက်ခဲ့လို့ ရေတာရှည် မြို့နယ်အတွင်း ဆွာမြို့အပါအဝင် ကျေးရွာ ၈၅ ရွာ ရေကြီးပြီး အိမ်ထောင်စု ၁၄၃၅၇ စုလူဦးရေ ၆၃၀၀၀ ကျော် ရေဘေးသင့်ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013