DVB Logo
Home
မေးမြန်းခန်း
အဖြစ်မှန်တွေ သိရအောင် ရခိုင်ကို သွားခဲ့တာပါ-ကိုကိုကြီး
DVB
·
August 2, 2012
အဖြစ်မှန်တွေ သိရအောင် ရခိုင်ကို သွားခဲ့တာပါ-ကိုကိုကြီး
Donate to DVB

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးနဲ့ အဖွဲ့ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်ထဲမှာ ရမ်းဗြဲမြို့နယ်ထဲက ကျောက်နီမော်ရွာနဲ့ မသီတာထွေး အခင်းဖြစ်ပွားခဲ့တဲ့ ကျေးရွာတွေဆီ အရောက်သွားခဲ့ကြပါတယ်။

ဒီခရီးအခြေအတွေနဲ့ ပတ်သက်ပြီး ကိုကိုကြီးကို ဆက်သွယ် မေးမြန်းထားပါတယ်။

“ကျောက်နီမော်မှာ သပြေချောင်းကျေးရွာ မသီတာထွေး အခင်းဖြစ်တဲ့နေရာ ကြည့်ပြီးတော့ သူ့မိသားစုနဲ့လည်းတွေ့ဆုံပြီး အားပေးနှစ်သိမ့်ခဲ့ပါတယ်။ ဒေသခံ ရွာသူရွာသားတွေနဲ့လည်း ထိတွေ့ စကားပြောခဲ့တယ်။ အဲကနေပြန်လာပြီးတော့ ကျောက်ထရံဆိုတဲ့ ရွာမှာ ဒီဘက်က မွတ်ဆလင်တွေပေါ့။ သူတို့ဆီမှာလည်း လူ့အဖွဲ့အစည်းထဲမှာ ရေရှည်သဟဇာတဖြစ်အောင် နေထိုင်နိုင်ကြဖို့၊ ပုံမှန်အခြေအနေပြန်ရောက်အောင် အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းနဲ့ ၀ိုင်းပြီးတော့ ကြိုးစားကြဖို့ ပြောခဲ့ပါတယ်။ ရခိုင်ရွာတွေမှာရော ခဏ ၀င်ဝင်ပြီးတော့ နှုတ်ဆက်စကားပြောပြီး အားလုံးနဲ့ ထိတွေ့ခဲ့ရပါတယ်။”

အဓိက ကျောက်နီမော်ကို ဘာကြောင့်သွားတာလဲ။ မသီတာထွေးကိစ္စနဲ့ ပတ်သက်ပြီးတော့ အဖြစ်မှန်သိရအောင်လား။ ဒါမှမဟုတ် တခြား ဘယ်လိုအချက်အလက်တွေ လိုချင်လို့ သွားတာလဲဗျ။

“အခင်းဖြစ်တဲ့နေရာ မူရင်း အဖြစ်မှန်တွေ သိရအောင်ရယ်၊ နောက် ဒီမှာရှိတဲ့ တိုင်းရင်းသားအားလုံးရဲ့ သူတို့ခံစားချက်တွေ၊ သူတို့အခြေအနေတွေ အမှန်အတိုင်းသိရအောင်လို့ ကြိုးစားတဲ့ ခရီးစဉ်ပေါ့။”

သွားခဲ့တဲ့အခြေအနေမှာ တွေ့ခဲ့ကြုံခဲ့ ပြောခဲ့ရတော့ နှစ်ဖက် အနေအထား ဘယ်လိုရှိလဲဗျ။

“နှစ်ဖက်အခြေအနေကတော့ အခုအချိန်ထိတော့ စိတ်ခံစားမှုတွေ ကျန်နေတုန်းပဲပေါ့။ ကျောက်နီမော်ဆိုရင် ပင်လယ်ထွက်ပေါက်လိုဖြစ်နေတယ်။ ဒေသခံ ကမန်အနည်းငယ်နဲ့ ကမန်မဟုတ်တဲ့ မွတ်ဆလင်တွေ ရောထွေးနေတာ တွေ့ရပါတယ်။”

သူတို့အနေအထားကြည့်ရတာ အခုအချိန်ဆို ၂ လနီးပါး ရှိသွားပြီပေါ့နော်။ အကျိတ်အခဲတွေရှိနေကြတုန်းလား။ စကားပြောကြည့်တော့ ဘယ်လိုမြင်ရ ကြားရလဲ။

“အကျိတ်အခဲတွေဆိုတာက ဒီကိစ္စတခုတည်းကြောင့် မဟုတ်ဘူးဗျ။ ဒီကိစ္စက လတ်တလော အကြောင်းရင်းပဲ။ အဓိကက နှစ်ပေါင်းများစွာစုပုံလာတဲ့ ကိစ္စတွေဆိုတော့ ဒါကိုဖြေရှင်းမယ်ဆိုလည်း တထိုင်တည်းဖြေရှင်းလို့တော့ မရဘူးပေါ့လေ။ ကျနော်တို့ ဒီမှာအကြံပေးတာလည်း ဒေသခံ ရခိုင်ပြည်သူတွေလည်း ရေရှည်အမျှော်အမြင်နဲ့ ၀ိုင်းပြီးတော့ ကြိုးပမ်း ပြင်ဆင်ကြဖို့ပေါ့လေ။ အတူတူနေတဲ့ တိုင်းရင်းသားတွေ အချင်းချင်းကြားမှလည်း နားလည်မှု မလွဲအောင်၊ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို အခိုင်အမာ ကာကွယ်စောင့်ရှောက်နိုင်အောင် အစရှိသဖြင့် ရေရှည်အတွက် အမြော်အမြင်ရှိရှိနဲ့ ဆောင်ရွက်ကြရမယ့် ကိစ္စ ဖြစ်တယ်လို့ ကျနော် တိုက်တွန်းချင်ပါတယ်။

ဒေသခံရွာသားတွေ နှစ်ဖက်ပေါ့၊ ရခိုင်နဲ့ရော မွတ်စလင်နဲ့ရော စကားပြောကြည့်တော့ ဘယ်လိုရှိလဲဗျ။

“ပြောရရင်တော့ ဒေသဖွံ့ဖြိုးရေးကလည်း အဓိက အရေးကြီးတဲ့ အကြောင်းအရင်းတချက်လို့ မြင်တယ်လေ။ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးကအစ ပြုပြင်ပြောင်းလဲမှု လုပ်စရာတွေတော့ အများကြီး တွေ့ခဲ့ပါတယ်။ ကျနော်လာတဲ့ လမ်းမှာကိုက ရမ်းဗြဲနဲ့ ကျောက်နီမော်က မိုင် ၂၀ ကျော် ခရီးကို အသွားအပြန် တနေကုန်တာကိုကြည့်ရင် ဒီက ဖွံ့ဖြိုးရေး အခြေအနေကိုလည်း သိနိုင်တာပေါ့နော်။ ကားနဲ့ သွားတာကို မလွယ်အောင် တော်တော်အခြေအနေဆိုးတယ်ပေါ့လေ။ အခု ကျနော်ကားပေါ်ကနေ ပြောနေတာလေ။ အတူပါလာတဲ့ ကားတစီးဆိုရင် ခရီးဆုံးအထိ မလိုက်နိုင်ဘူး။ 4 wheels ကားလောက်ပဲ ရုန်းနိုင်တယ်။ သာမန်ကားတွေဆိုရင်တော့ သွားဖို့ မလွယ်လောက်ဘူး။”

နောက်ထပ် ဘယ်ခရီးစဉ် သွားဖို့ ရှိသေးလဲဗျ။

“ကျနော်တို့ ရမ်းဗြဲရောက်တဲ့အခါမှာ ဒေသခံရခိုင် မြို့မိမြို့ဖတွေရော၊ ကမန်တိုင်းရင်းသားတွေဘက်က တာဝန်ရှိသူတွေနဲ့ပါ တွေ့သွားဖို့ ရှိပါတယ်။ ဒီညတော့ ရမ်းဗြဲပြီးမှာ အိပ်ပါမယ်။ ရမ်းဗြဲပြီးရင်တော့ ကျောက်ဖြူမှာ တညအိပ်ပါမယ်။  ကျောက်ဖြူမှာလည်း မြို့မိမြိုဖတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။”

ရမ်းဗြဲတို့ ကျောက်နီမော်တို့အထိ ရောက်ခဲ့ပြီးတော့ ဒီခရီးစဉ်က ရတဲ့ တွေ့ရှိချက်တွေကို နောက်ဘယ်လို အသုံးချမလဲ။

“တိုင်းရင်းသား ချစ်ကြည်ရင်းနှီးမှုဆိုတာ စကားလုံး မဟုတ်ဘူး။ လက်တွေ့ လုပ်ရမယ့်ကိစ္စ၊ လူမျိုးစု တခုနဲ့ တခုကြားမှာရှိနေတဲ့ သံသယတွေ၊ မယုံကြည်မှုတွေ ဆိုတာ ဘယ်လောက်ထိတွေ့ဆက်ဆံပြီး ဘယ်လောက်နားလည် ခံစားပေးသလဲ။ ဘယ်လောက်စာနာသလဲဆိုတာတွေနဲ့ပဲ တည်ဆောက်လို့ ရမယ်လို့ မြင်ပါတယ်။ ဒီခရီးစဉ်ကနေ ရလိုက်တာက ဒီဘက်က တိုင်းရင်းသားတွေရဲ့ နွေးထွေးဆက်ဆံမှုကို ကျနော်တို့ ရခဲ့ပါတယ်။ အဲဒီအတွက်လည်း အရမ်းပဲ ပီတိဖြစ်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013