DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ပေ ၂၀ တံတားတစင်း ကျိုးကျ
DVB
·
August 30, 2018
ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ပေ ၂၀ တံတားတစင်း ကျိုးကျ
1 / 5
Donate to DVB

ရန်ကုန်-မန္တလေး လမ်းအဟောင်း မိုင်တိုင် ၁၉၉ အနီးရှိ ပေ ၂၀ တံတားဟာ ရေတိုက်စားပြီး  ဒီနေ့မနက်ပိုင်းက ကျိုးကျသွားတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

မန္တလေးဘက်ခြမ်း ပေ ၃၀ လောက် လမ်းသား ကျိုးကျသွားတာဖြစ်ပြီး ဒီနေ့လယ်ပိုင်းမှာ မော်တော်ကားတွေ ပြန်လည်ဖြတ်သန်းနိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်နေတယ်လို့လည်း ဆောက်လုပ်ရေးသတင်းမှာ ဖော်ပြထားပါတယ်။

Oriental Highway ကုမ္ပဏီ က BOT စနစ်နဲ့ တာဝန်ယူဆောင်ရွက်နေတဲ့အပိုင်းမှာ တံတားကျိုးကျသွားတာဖြစ်လို့  ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြီးကြပ်ပြီး သက်ဆိုင်ရာ BOT ကုမ္ပဏီက ဝန်ထမ်းတွေ၊ တာဝန်ရှိသူတွေ၊ တပ်မတော်သားတွေ  ဒေသအာဏာပိုင်တွေ ပူးပေါင်းပြီး အမြန်ပြန်လည်ဆောင်ရွက်နေကြပါတယ်။

ဒီနေ့ညပိုင်းမှာ ကားကြီးတွေ ပြန်လည်ဖြတ်သန်းမောင်းနှင်နိုင်ဖို့ ကြိုးပမ်း လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

Photo : Ministry of Construction

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013