DVB Logo
Home
မြန်မာသတင်း
တလအတွင်း ကုမ္ပဏီအသစ် ၁၅၀၀ ကျော် ထူထောင်
DVB
·
August 30, 2018
တလအတွင်း ကုမ္ပဏီအသစ် ၁၅၀၀ ကျော် ထူထောင်
Donate to DVB

မြန်မာပြည်တွင်း ကုမ္ပဏီအသစ်၊ လုပ်ငန်းအသစ်ထူထောင်မှုဟာ တလအတွင်း ၁၅၀၀ ကျော်လောက်ရှိနေပြီး တရက်ကို ပျဉ်းမျှကုမ္ပဏီ ၁၀၀ လောက်ရှိနေတယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွန်ကြားမှုဌာနက ပြောပါတယ်။

အွန်းလိုင်းစနစ်နဲ့ ကုမ္ပဏီမှတ်ပုံတင်တဲ့စနစ်ကို ပြောင်းလဲပြီးနောက်ပိုင်းမှာ ကုမ္ပဏီသစ် ထူထောင်မှုတွေ များလာတာဟာ ကုမ္ပဏီမှတ်ပုံတင်ကြေး လျော့ချလိုက်တာနဲ့ ကုမ္ပဏီ ဥပဒေ အသစ်အရ စည်းကမ်းချက်တွေ ဖြေလျော့ပေးထားလို့ ဖြစ်တယ်လို့ ဌာနတာဝန်ရှိသူတွေက ဆိုပါတယ်။

အွန်လိုင်းမှတ်ပုံတင်စနစ်နဲ့ ကုမ္ပဏီလျောက်ထားမှုမှာ သြဂုတ် ၂၉ ရက်နေ့အထိ ကုမ္ပဏီ အသစ် ၁၅၆၄ ခုနဲ့ အရင်ရှိပြီးသားပြန်လည်လျောက်ထားမှု ၅၅၁၁ ခု စုစုပေါင်း ၇၀၇၅ ခု တည်ထောင်ထားတယ်လို့  သိရပါတယ်။

ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွန်ကြားမှုဌာနက သြဂုတ် ၁ ရက်က စတင်ပြီး အွန်လိုင်းမှတ်ပုံတင်စနစ်သစ် စတင်ကျင့်သုံးနေတာဖြစ်ပြီး  မြန်မာနိုင်ငံမှာ အစိုးရဌာနကို သွားစရာမလိုတဲ့ ပထမဆုံးအင်တာနက်ဝန်ဆောင်မှုစနစ်တခု ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013