DVB Logo
Home
မြန်မာသတင်း
လွှတ်တော်ဥပဒေနှင့် နည်းဥပဒေများ  ပြင်ဆင်ရန် ကြံ့ခိုင်ရေးအမတ် တောင်းဆို
DVB
·
August 30, 2018
လွှတ်တော်ဥပဒေနှင့် နည်းဥပဒေများ  ပြင်ဆင်ရန် ကြံ့ခိုင်ရေးအမတ် တောင်းဆို
Donate to DVB

လက်ရှိကျင့်သုံးနေတဲ့ လွှတ်တော်ဥပဒေ၊ နည်းဥပဒေတွေဟာ လိုသလို ဆွဲယူ အသုံးပြုနိုင်တဲ့ အခြေအနေ ဖြစ်ပေါ်နေတဲ့အတွက် ဥပဒေ၊ နည်းဥပဒေတွေကို ပြင်ဆင်ဖို့လိုနေပြီလို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ဦးသောင်းအေးက ပြောပါတယ်။

သြဂုတ် ၂၉ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပါတီတူကိုယ်စားလှယ် ဒေါက်တာမောင်သင်း မေးမြန်းတဲ့ ပါတီတခုရဲ့ တွေ့ဆုံပွဲဟာ အစိုးရပိုင် စာသင်ကျောင်းတခုမှာ ပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌတို့ကို ဖိတ်ကြားခဲ့သလို ပါတီအလံနဲ့ ပါတီတံဆိပ်တွေ ကျောင်းဝင်းအတွင်းမှာ ချိတ်ဆွဲခဲ့တာဟာ တည်ဆဲဥပဒေနဲ့ ညီညွတ်မှုရှိ၊ မရှိ မေးခွန်းအပေါ် ပြန်လည်ဖြေဆိုခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ လွှတ်တော်ဥက္ကဋ္ဌတို့ရဲ့ ပြောဆိုမှုတွေအရ အခုလို သုံးသပ်ပြောဆိုလိုက်တာပါ။

“ဥပဒေက လိုသလိုဆွဲပြီးတော့ ပယ်ချလို့ရတယ်။ လက်ခံလို့ရတယ်၊ အဲဒါမျိုးအနေအထား ဖြစ်နေတော့ ဒါတွေကို နောင်ပြန်ပြီးတော့ သုံးသပ်ပြီး ဆောင်ရွက်ရမယ့်အပိုင်းရှိတယ်”လို့ ဦးသောင်းအေးက မီဒီယာတွေကို ပြောပါတယ်။

“ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့ရဲ့ ဥပဒေတွေ ကို ပြန်သုံးသပ်ပြီး ကိုယ်စားလှယ်တွေလည်း အဆင်ပြေအောင်၊ ကြီးကြပ်တဲ့ဥက္ကဋ္ဌလည်း အဆင်ပြေအောင်၊ လာဖြေတဲ့ အစိုးရအဖွဲ့လည်း အဆင်ပြေအောင် ပြင်သင့်ပြင်ထိုက်တာတွေ ရှိနေပါတယ်”လို့ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ဆိုပါတယ်။

မေးခွန်းမှာ ပါတီနာမည် ဖော်ပြတာ မရှိသလို တက်ရောက်သူတွေရဲ့ နာမည်အတိအကျနဲ့ ကျောင်းအမည် အတိအကျ ဖော်ပြတာမျိုးမရှိတဲ့အတွက် အချက်အလက်ခိုင်ခိုင်မာမာတင်ပြတဲ့ မေးခွန်းမဟုတ်လို့ ဖြေဆိုဖို့ ခက်ခဲပြီး အချက်အလက်ခိုင်ခိုင်မာမာနဲ့ တိုင်ကြားမှသာ နှစ်ဖက်စစ်ဆေးပြီး ဖြေဆိုနိုင်မှာ ဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ဆိုပါတယ်။

မေးခွန်းရှင်ကတော့ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ မေးခွန်းမေးမြန်းတာဖြစ်ပြီး တိုင်ကြားတာမဟုတ်သလို အခုလို လုပ်ဆောင်တာဟာ ဥပဒေနဲ့ ညီ၊ မညီ မေးတာဖြစ်တဲ့အတွက် ကော်မရှင်အနေနဲ့ မေးခွန်း ရည်ရွယ်ချက်အတိုင်း ဥပဒေနဲ့ ညီ၊ မညီသာ ဖြေဆိုဖို့ လိုတယ်လို့ ဆိုပါတယ်။

လွှတ်တော်တွင်း မေးခွန်းတွေမှာ ပါတီအမည် ထည့်သွင်းပြောဆိုခွင့် ရှိမရှိ လွှတ်တော် ဥက္ကဋ္ဌကို မေးခွန်းရှင်က မေးမြန်းရာမှာ မေးခွန်းမှာ ပါတီတစ်ခုလို့ ဖော်ပြပြီးဖြစ်တဲ့အတွက် ဥပဒေအရ မေးခွန်းမှာ ဖော်ပြထားချက်မှာ မပါဝင်တဲ့ ကိစ္စတွေကို အခုအချိန်မှာ ထည့်သွင်း ပြောဆိုခွင့်မရှိဘူးလို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြန်လည်ဖြေဆိုခဲ့တာဟာ အငြင်းပွားဖွယ်ရာ ဖြစ်စေတယ်လို့လည်း ကြံ့ခိုင်ရေး ပါတီကိုယ်စားလှယ်တွေက ဆိုပါတယ်။

လူပုဂ္ဂိုလ်ရဲ့ အကျင့်စာရိတ္တ ဒါမဟုတ် ပြုမူဆောင်ရွက်ချက်ကို ဖော်ပြလို့မရဘူးလို့ လွှတ်တော် ဥပဒေ၊ နည်းဥပဒေမှာ ပြဋ္ဌာန်းပါရှိတဲ့အတွက် လွှတ်တော်မှာ မေးခွန်းမေးမြန်းရာမှာ ပါတီ၊ လူပုဂ္ဂိုလ်တွေရဲ့ အမည်ကို ထည့်သွင်းမေးမြန်းပါက ယင်းပြဋ္ဌာန်းချက်နဲ့ ငြိစွန်းနေမှာဖြစ်လို့ ဖြေရှင်းဖို့ လိုအပ်နေတယ်လို့ ဦးသောင်းအေးက ဥက္ကဋ္ဌနဲ့ သီးခြား တွေ့ဆုံပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013