DVB Logo
Home
မြန်မာသတင်း
မြန်မာတနိုင်ငံလုံးရှိ ဆည်တွေထဲက ၅၈ ခုမှာ ရေပြည့်ပြီး ရေပိုလွှဲက ရေကျော်နေ
DVB
·
August 29, 2018
မြန်မာတနိုင်ငံလုံးရှိ ဆည်တွေထဲက ၅၈ ခုမှာ ရေပြည့်ပြီး ရေပိုလွှဲက ရေကျော်နေ
Donate to DVB

မြန်မာတပြည်လုံးရှိ ဆည်တွေထဲက ၅၈ ခုမှာ ဒီကနေ့  ရေပြည့်ပြီး ရေပိုလွှဲက ရေကျော်နေတယ်လို့ ဆည်မြောင်းနဲ့ ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ဆည်တွေထဲမှာ ရေ ဒသမ ၁ ပေကနေ ၅ ဒသမ ၄ ပေအထိ ရေကျော်နေတာဖြစ်ပြီး ဒီနေ့မနက်က ရေပိုလွှဲ ကျိုးပျက်သွားတဲ့ ပဲခူးတိုင်း ဆွာချောင်းရေလှောင်တမံကတော့ ဒီနေ့မှာ ၁ ဒသမ ၈ ပေ ရေကျော်နေတာပါ။

ပဲခူးတိုင်း ရဲနွယ်ရေလှောင်တမံက ၅ ဒသမ ၄ ပေအထိ ရေကျော်နေတာဖြစ်ပြီး အများဆုံးလည်း ဖြစ်ပါတယ်။  ဖြူးချောင်းရေလှောင်တမံက ၄ ဒသမ ၇ ပေရေကျော်ပြီး ဒုတိယ အများဆုံး ဖြစ်ပါတယ်။ မကွေးတိုင်း ကြီးအုံကြီးဝရေလှောင်တမံက ၃ ဒသမ ၈ ပေ၊ ပဲခူးတိုင်း ဝဲကြီးရေလှောင်တမံက ၃ ဒသမ ၂ ပေ ရေကျော်နေပါတယ်။

ပဲခူးတိုင်း ကိုဒူးကွဲရေလှောင်တမံအပါအဝင် ပဲခူးတိုင်းထဲက ရေလှောင်တမံ ၅ ခုဟာ ရေ ၂ ပေနဲ့အထက် ကျော်နေကြပါတယ်။

မကွေးတိုင်းက မုန်းချောင်းရေလှောင်တမံ၊ ရခိုင်ပြည်နယ်က ကြက်တက်ရေလှောင်တမံနဲ့ ရန်ကုန်တိုင်းထဲက မဟူရာ (ငမိုးရိပ်) ရေကူ ရေလှောင်တမံ၊ ဧရာဝတီတိုင်းထဲက နန်ကသူေ ရလှောင်တမံနဲ့ ကညင်ရေလှောင်တမံတွေမှာလည်း ရေ ၂ ပေနဲ့အထက် ကျော်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013