DVB Logo
Home
မြန်မာသတင်း
စစ်တွေတက္ကသိုလ်ကြိုပို့ ရိုးမသဇင်ယာဉ်လိုင်း ရပ်ဆိုင်း
DVB
·
August 29, 2018
စစ်တွေတက္ကသိုလ်ကြိုပို့ ရိုးမသဇင်ယာဉ်လိုင်း ရပ်ဆိုင်း
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စစ်တွေတက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတွေကို ကြိုပို့ပြေးဆွဲနေတဲ့ ရိုးမသဇင်ယာဉ်လိုင်းပြေးဆွဲမှု ရပ်ဆိုင်းလိုက်တယ်လို့ ရိုးမသဇင်ယာဉ်လိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။

တက္ကသိုလ်ရဲ့ အနောက်ဖက်တံခါးပေါက်မှာ သုံးဘီကားတွေက ကြားဖြတ်လာရောက် ပြေးဆွဲနေတာကြောင့် စစ်တွေတက္ကသိုလ်ကြိုပို့ပြေးဆွဲနေတဲ့ ရိုးမသဇင်ယာဉ်လိုင်တွေပြေးဆွဲမှု တွက်ခြေမကိုက်လို့ အခုလိုရပ်နားဖို့ ဆုံးဖြတ်လိုက်ကြတာလို့ ယာဉ်လိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။

ရိုးမသဇင် တက္ကသိုယ်ပြေးဆွဲနေတဲ့ ယာဉ်းလိုင်းက တက္ကသိုလ်ကနေ စစ်တွေမြို့ထဲ တကြောင်းကို ၃၀၀ ကျပ်နှုန်းပြေးဆွဲနေတာလည်းဖြစ်သလို တရားမဝင်သုံးဘီးကားတွေက လည်း တက္ကသိုလ်အနောက်ဖက် အခြမ်းလာရောက်ပြီး ၃၀၀ ကျပ်နှုန်းနဲ့ ပြေးဆွဲနေတာလည်း ဖြစ်ပါတယ်။

မနက် ၈ နာရီကတည်က စစ်တွေတက္ကသိုယ်ရှေ့မှာ ညနေ ၅ နာရီအထိ တက္ကသိုလ်ကြိုပို့ တကြိမ်သာပြေး ဆွဲနေရပြီး တကြိမ်ပြေးဆွဲရင် ကျပ် ၃၅၀၀ သာရရှိကြတာကြောင့် တွက်ခြေမကိုက်လို့ အခုလိုရပ်ဆိုင်းဖို့ ဆုံးဖြတ်ကြတာလို့ ယာဉ်လိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိပြေးဆွဲနေတဲ့ ရိုးမသဇင်ယာဉ်လိုင်းဟာ အစိုးရကတရားဝင် သတ်မှတ်ထားတဲ့ ယာဉ်လိုင်းဖြစ်ပြီး လက်ရှိအချိန်ပြေးဆွဲနေတာ ယာဉ်အစီးရေ ၇၀ နီးပါးသာရှိတော့တယ်လို့ ရိုးမသဇင်ယာဉ်လိုင်း ဥက္ကဋ္ဌဖြစ်သူ ကိုသန့်ဇော်က ပြောပါတယ်။

ရိုးမသဇင် တက္ကသိုယ်ပြေးဆွဲနေတဲ့ ယာဉ်လိုင်းကားသမားတွေက အရင် သုံးဘီး ယာဉ်တွေ ပြေးဆွဲတဲ့သူတွေဖြစ်ပြီး အရင်အစိုးရလက်ထက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက သုံးဘီကားကနေ တက္ကသိုယ် ပြေးဆွဲနေတဲ့ယာဉ်လိုင်းအဖြစ် ပြောင်းလဲ ပေးခဲ့တာလည်း ဖြစ်ပါတယ်။

တရားမဝင်လာရောက်ပြေးဆွဲနေတဲ့ သုံးဘီးယာဉ်တွေ ရပ်ဆိုင်းပေးဖို့ အစိုးရနဲ့ တက္ကသိုလ် တာဝန်ရှိသူတွေကို တင်ပြထားပေမယ့် တစုံတရာအကြောင်း မပြန်တာကြောင့် အခုလို ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်ကြတာလို့ ရိုးမသဇင်ယာဉ်တာဝန်ရှိသူတွေက ပြောပါတယ်။

ရိုးမသဇင်ယာဉ်လိုင်းဟာ ယာဉ်အစီးရေ ၁၃၁ စီးရှိပြီး လက်ရှိပြေးဆွဲနေတာ ကတော့ ယာဉ်အစီးရေ ၇၀ လောက်သာပြေး ဆွဲနေရတဲ့အနေအထားရှိတယ်လို့ ယာဉ်လိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013