DVB Logo
Home
မြန်မာသတင်း
မြိတ်တွင် ပိုင်ရှင်မဲ့ WY ဆေးပြား ၈ သောင်းကျော် ဖမ်းဆီးရမိ
DVB
·
August 29, 2018
မြိတ်တွင် ပိုင်ရှင်မဲ့ WY ဆေးပြား ၈ သောင်းကျော် ဖမ်းဆီးရမိ
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စုမှာ ပိုင်ရှင်မဲ့ WY ဆေးပြား ၈ သောင်းကျော်ကို သြဂုတ် ၂၉ ရက်နေ့က ကွမ်းခြံထဲကနေ  ပိုင်ရှင်မဲ့ ဖမ်းဆီးရမိတယ်လို့ မြိတ်မြို့မရဲစခန်းက သိရပါတယ်။

ကလွင်ကျေးရွာအုပ်စု၊ ချောင်းကူးငယ်ရပ်၊ ရွှေပြည်သာလမ်းက ဦးတင်ထွန်း (ခ) ဦးအိုလား (၅၅ နှစ်)ရဲ့ နေအိမ် နောက်ဘက် ကွမ်းခြံတွင်းမှာ မသင်္ကာဖွယ်ပုံးတလုံး တွေ့ရှိကြောင်း ဖုန်းဆက်အကြောင်းကြားလို့  ဒုရဲမှူးချိုလွင်က သက်သေတွေနဲ့အတူ သွားရောက်စစ်ဆေးရာ ငါးဂါလံ ပလပ်စတစ်ပုံးထဲက WY စိတ်ကြွဆေးပြား ၈၃၀၃၀ ပြားကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့တာပါ။

မြိတ်မြို့မရဲစခန်းမှူး ဒုရဲမှူးချိုလွင်က “ခြံရှင် ဦးတင်ထွန်းက ဒီနေ့မနက် သူ့ရဲ့ ကွမ်းရွက်ခြံထဲကို ဆင်းကြည့်တယ်။ ကွမ်းခြံထဲက မြေသင်းဖုတ်တဲ့ တဲအနီးကို ရောက်တော့ တဲထဲက ဝါးလုံးနဲ့လုပ်ထားတဲ့ထိုင်ခုံအောက်မှာ ပလပ်စတစ် ၅ ဂါလံပုံးတလုံး မြေမြုပ်ထားတာ မိုးရွာထားတော့ ရေတိုက်စားပြီး ပုံးနှုတ်ခမ်းသားပေါ်နေလို့ ဆွဲတင်လိုက်တယ်။ ပုံးကအလေးချိန် ရှိနေတော့ လှုပ်ကြည့်တယ်။ အရည်တွေ မဟုတ်တော့ မသင်္ကာဖြစ်ပြီး ကလွင်အုပ်ချုပ်ရေးမှူးကို ဆက်သွယ်တယ်။ ကလွင်အုပ်ချုပ်ရေးမှူးကတဆင့် ကျနော့်ဆီအကြောင်းကြားလို့ သက်သေ တွေနဲ့ သွားစစ်ဆေးတာ WY စိတ်ကြွ ဆေးပြားတွေဖြစ်နေတာ တွေ့ရတယ်"လို့ ပြောပါတယ်။

အဆိုပါ မူးယစ်ဆေးပိုင်ရှင်အား ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေနေပြီး မယ (ပ)၁၆၃/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်ထားပါတယ်။

သတင်း - မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013