
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ သြဂုတ် ၂၀ ရက်နေ့ကစပြီး လှိုင်မြစ်ရေ မြင့်တက်လာတဲ့အတွက် စာသင်ကျောင်း ၁၀ ကျောင်းကို အရေးပေါ်ပိတ် ထားရတယ်လို့ တိုက်ကြီးမြို့နယ်ပညာရေးမှူးရုံးက သိရပါတယ်။
တိုက်ကြီးမြို့နယ်ဒုပညာရေးမှူး ဦးမောင်မောင်လတ်က “သြဂုတ် ၂၈ ရက်နေ့အထိ စာသင်ကျောင်း ၁၀ ကျောင်းကို ၃၁ ရက်နေ့အထိပိတ်ထားတယ်။ အရင်နှစ်တွေက ကျောင်းပိတ်ရပေမယ့် ဘုန်းကြီးကျောင်းတွေမှာ စာသင်ပေးခဲ့တယ်။ ဒီနှစ်က နေရာအခက်အခဲကြောင့် ကလေးတွေကို စာမသင်ရပါဘူး။ လက်ရှိအချိန်မှာ ရေကတန့်နေတဲ့အတွက် ကျောင်းတွေ ထပ်ပိတ်ဖို့ မရှိသေးဘူးလို့"ပြောပါတယ်။
ဂေါ့ကျေးရွာအုပ်စု၊ ဘိန္နောကျေးရွာအုပ်စု၊ ပျဉ်းမကုန်းကျေးရွာအုပ်စုနဲ့ ကလော့သော ကျေးရွာအုပ်စု ကြွေပုဂံချောင်းကျေးရွာတို့မှာ သြဂုတ် ၂၀ ရက်က စတင်ပြီး လှိုင်မြစ်ရေမြင့် တက်လာလို့ ကျေးရွာတွေ ဝင်ရောက်ခဲ့တာပါ။
ဂေါ့ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက "ဧရာဝတီမြစ်ရေက ကျတယ်။ လှိုင်မြစ်ရေက တန့်နေတယ်။ ရေဘေးကယ်ဆယ်ရေးစခန်း ဖွင့်ဖို့အထိ စိုးရိမ်စရာမရှိသေးဘူး"လို့ပြောပါတယ်။
တိုက်ကြီးမြို့နယ်မှာ သုံးလေးနှစ်ဆက်တိုက် ဧရာဝတီမြစ်ရေနဲ့ လှိုင်မြစ်ရေကြီး တာကြောင့် ကျေးရွာများ ရေနစ်မြုပ်ခဲ့တဲ့အတွက် ရေဘေးကယ်ဆယ်ရေးစခန်းများဖွင့်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ရပြီး စိုက်ပျိုးမြေတွေလည်း ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
သတင်း - မေသွယ်










