DVB Logo
Home
မြန်မာသတင်း
ဆွာချောင်းတမံကျိုးလို့ ရေကြီးချိန် လမ်းဖြတ်ကူးသူ ၆ ဦး ရေစီးနဲ့ မျောပါသွား
DVB
·
August 29, 2018
ဆွာချောင်းတမံကျိုးလို့ ရေကြီးချိန် လမ်းဖြတ်ကူးသူ ၆ ဦး ရေစီးနဲ့ မျောပါသွား
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်မှာ ဆွာချောင်းတမံ ရေပိုလွှဲနံရံကျိုးကျလို့ ရေကြီးနေချိန်မှာ ဆိုင်ကယ်နဲ့ လမ်းဖြတ်ကူးတဲ့ လူ ၆ ယောက် ရေစီးနဲ့ မျောပါသွားတယ်လို့  ဒေသခံ တိုင်းလွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

ဒီမနက်ပိုင်းက တမံကျိုးပြီး ရေတွေဒလဟောစီးနေချိန်မှာ ဖြတ်ကူးကြတဲ့အတွက် ရေထဲမျောပါ ပျောက်ဆုံးနေတာလို့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ကျော်ကျော်က ပြောပါတယ်။

“အမြန်လမ်း ၁၆၅ မိုင်နဲ့ ၁၆၈ ကြားလောက်မှာ ဖြစ်တာ။ ရေကျလာတဲ့အချိန်မှာ ဆိုင်ကယ်နဲ့ ဖြတ်ကူးကြတာတဲ့။ ၆ ယောက် ပါသွားတယ်လို့ ကြားတယ်။ အခုအချိန်အထိတော့ မတွေ့သေးဘူး။ ဒီလှိုင်းလုံးနဲ့ ဆိုရင်တော့ သေဖို့ များတာပေါ့”

နောက်ထပ် သေဆုံး၊ ဒဏ်ရာရတဲ့ အခြေအနေကိုတော့ ထပ်မသိရသေးဘူးလို့လည်း သူက ဆိုပါတယ်။

လက်ရှိအချိန်အထိတော့ ရေတာရှည်မြို့နားအထိ ရေတွေရောက်လာပြီး ကျေးရွာပေါင်း ၁၉ ရွာလောက် ရေနစ်မြုပ်နေတယ်လို့လည်း ပြောပါတယ်။

ဆွာရဲစခန်းကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းကြည့်ရာမှတော့ အသေအပျောက်စာရင်းတွေ မသိရသေးဘူးလို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013