
လာမယ့် ၂၀၁၉ ခုနှစ်ဟာ ကမ္ဘာ့သမိုင်းမှာ အပူဆုံးနှစ်ဖြစ်လာပြီး မြန်မာနိုင်ငံမှာ အပူရှိန်လွန်ကဲတာ၊ ရေရှားပါးတာ၊ မီးလောင်တာ၊ စိုက်ပျိုးထွက်ကုန်လျော့ကျတာ၊ ကူးစက်ရောဂါ ဖြစ်ပွားတာတွေ တိုးလာနိုင်တယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က သတိပေးလိုက်ပါ တယ်။
အရှေ့တောင်အာရှနိုင်တွေဖြစ်တဲ့ ဖိလစ်ပိုင်မှာ လက်ရှိမုန်တိုင်း တနှစ်ကို ၁၀ လုံးလောက် ကြုံတွေ့နေရတာကနေ ၁၅ လုံးခန့်အထိ တက်လာနိုင်တယ်လို့ ခန့်မှန်းပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ တောမီးတွေ ပိုများလာနိုင်သလို ပင်လယ်ရေတွေ ပူပြင်းလာပြီး ရေစီးတွေ ပိုမြန်လာနိုင်လို့ ရေထွက်ပစ္စည်းတွေအရနည်းလာပြီး စားနပ်ရိက္ခာဖူလုံမှု ပြဿနာ ရှိလာနိုင်ပါတယ်။
စင်ကာပူမှာတော့ နယ်စပ်ကျော်ဖြတ်မီးခိုးတွေတိုးလာပြီး ကျန်းမာရေးပြဿနာတွေ တိုးလာမယ်၊ ထိုင်းမှာလည်း အပူချိန်မြင့်တက်မှုကြောင့် စပါးအထွက်လျော့ကျလာနိုင်တယ်လို့ ခန့်မှန်းပါတယ်။
ဗီယက်နမ်၊ ကမ္ဘောဒီယားနဲ့ လာအို- နိုင်ငံတွေမှာတော့ မဲခေါင်မြစ်ရေမြင့် တက်လာမှု ကြောင့် ရေဖုံးလွှမ်းခံရမှုဘေးတွေကြုံတွေ့လာရနိုင်တယ်လို့လည်း မိုးလေ၀သပညာရှင်က ခန့်မှန်းပြောပါတယ်။
သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုတခုအရ ၂၀၁၉-၂၀၂၂ ခုနှစ်တွေဟာ ကမ္ဘာ့သမိုင်းမှာ အပူဆုံးနှစ်တွေ ဖြစ်လာလိမ့်ဦးမယ်လို့ ခန့်မှန်းထားကြတာပါ။
၂၀၁၈ ခုနှစ်ရဲ့ လက်ရှိ မိုးရာသီကာလမှာတော့ ပဲခူး၊ ကရင်၊ မွန်စတဲ့ ဒေသတွေမှာ မိုးများပြီး ရေကြီးနေပါတယ်။











