DVB Logo
Home
မြန်မာသတင်း
အောင်ကိုလတ် သီဆိုသည့် နေရယ်၊ လရယ်၊ အမှန်တရားရယ် ဇာတ်ဝင်သီချင်း (ရုပ်သံ)
DVB
·
August 29, 2018
အောင်ကိုလတ် သီဆိုသည့် နေရယ်၊ လရယ်၊ အမှန်တရားရယ် ဇာတ်ဝင်သီချင်း (ရုပ်သံ)
Donate to DVB

 

 

“နေရယ်… လရယ်… အမှန်တရား… နေရယ်… လရယ်… အမှန်တရား… နေရယ်… လရယ်… အမှန်တရားတဲ့… ဖုံးကွယ်လို့ မရတဲ့ သစ္စာတရား…”

ဒါကတော့ အဆိုတော် အောင်ကိုလတ် သီဆိုထားတဲ့ နေရယ်၊ လရယ်၊ အမှန်တရားရယ်  ရုပ်သံဇာတ်လမ်းတွဲရဲ့ ဇာတ်ဝင်သီချင်းစာသားဖြစ်ပြီး ဒီသီချင်းကို သူကိုယ်တိုင် ရေးစပ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒီရုပ်သံဇာတ်လမ်းတွဲရဲ့ ပထမပိုင်းကို ၂၀၁၅ ခုနှစ်က ထုတ်လွှင့်ပြသခဲ့တာဖြစ်ပြီး ပရိသတ် အားပေးမှုရရှိခဲ့ကာ ခုတကြိမ်မှာတော့ ဒုတိယပိုင်းအနေနဲ့ ဆက်လက်ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

အခုလာမယ့် " နေရယ်၊ လရယ်၊ အမှန်တရားရယ်" ဒုတိယပိုင်းမှာတော့ ပထမပိုင်း အဖြစ်အပျက်တွေပြီးနောက် လွှတ်တော်အမတ်တဦး ဖြစ်လာခဲ့တဲ့ ခင်ခင်(ခင်ဇာခြည်ကျော်)နဲ့အတူ မေ(ဆုပန်ထွာ)၊ စိုင်းသူရ (မိုးယံဇွန်)၊ နဲ့ နေ(ဘုန်းသိုက်)တို့ဟာ မြန်မာ့လူဘောင်မှာ ရှိနေတဲ့ လူမှုစီးပွားရေး၊ တရားဥပဒေရေးရာ ပဋိပက္ခအသစ်တွေကို ဘယ်လို ဆက်လက်ရင်ဆိုင်ဖြေရှင်းကြမယ်ဆိုတာတွေကို ရှုစားကြရတော့မှာ ဖြစ်ပါတယ်။

“ဥပဒေဟာ အမှန်တရားပဲ… အမှန်ကိုပဲ ဆုံးဖြတ်ရမယ်… အမှန်တရားရဲ့… အ လင်းရောင်များ… ရှိနေရမယ်… နေရယ်… လရယ်… အမှန်တရားတဲ့… ဖုံးကွယ်လို့ မရတဲ့ သစ္စာတရား…”

ဒီရုပ်သံဇာတ်လမ်းတွဲကို အကယ်ဒမီ ဆွေဇင်ထိုက်က စီစဉ်ပြီး ဒါရိုက်တာ အောင်ကိုလတ်က ရိုက်ကူးထားတာ ဖြစ်ကာ အပိုင်း ၁၀ ပိုင်း ပါဝင်မယ်လို့ ဆိုပါတယ်။

ဒီဇာတ်ဝင်တေးကိုတော့ Aung Ko Latt Motion Pictures ဖေ့စ်ဘွတ်ခ်စာမျက်နှာ ပေါ်မှတဆင့် သြဂုတ်လ ၂၈ ရက်နေ့မှာ မျှဝေခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၉ သောင်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013