DVB Logo
Home
မြန်မာသတင်း
ဆွာမြို့ပေါ်နှင့် ကျေးရွာတချို့ ရေကြီး၊ ဒေသခံများ ပြောင်းရွှေ့နေရ
DVB
·
August 29, 2018
ဆွာမြို့ပေါ်နှင့် ကျေးရွာတချို့ ရေကြီး၊ ဒေသခံများ ပြောင်းရွှေ့နေရ
1 / 8
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊  ရေတာရှည်မြို့နယ်ရှိ၊ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ ကျိုးကျလို့  ဆွာမြို့နဲ့ ကျေးရွာတချို့မှာ ဒီကနေ့မနက်ပိုင်းစပြီး ရေကြီးနစ်မြှုပ်မှုတွေနဲ့ ကြုံတွေ့ရပြီး ဒေသခံ တချို့ ပြောင်းရွှေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆွာမြို့က ၂ ရပ်ကွက်၊ အ.ထ.က ကျောင်းအနီး၊ ကွက်သစ်ရပ်ကွက်၊ ၃ ရပ်ကွက်၊ ကျောက်အိုးကျေးရွာ၊ စိမ့်ဝိုင်းကျေးရွာ၊ မျောက်လွတ်ကုန်းကျေးရွာ၊ ဆီဆုံကုန်းကျေးရွာ၊ သစ်ရာကုန်းကျေးရွာ၊ ၀ါးကက်တန်းကျေးရွာ၊ ဆွာမင်းလမ်းတွေမှာအပြင် အခြားနီးစပ်ရာ ကျေးရွာတွေမှာ ရေကြီးမှုဒဏ်ကို ကြုံတွေ့ခံစားနေရတာပါ။

ဆွာမြို့ ဒေသခံ တယောက်က “အခုက တမြို့လုံးမှာ ရေကြီးနေတာခင်ဗျ။ တချို့နေရာက ဒူးလောက်၊ တချို့နေရာမှာ ခါးလောက်ရှိတယ်။ ချောင်းနဲ့နီးနဲ့နေရာတွေက ပိုပြီးမြုပ်တာပေါ့။ နီးစပ်ရာမြို့တွေ၊ ဘုန်းကြီးကျောင်းတွေကို ပြောင်းနေကြတယ်။ နယ်တွေဘက်က အခြေအနေ တော့ မသိရသေးပါဘူး” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ဒေသခံ ပရဟိအဖွဲ့တွေ၊ တပ်မတော်သားတွေ၊ ဒေသခံ ပြည်သူတွေက ၀ိုင်းဝန်းကူညီမှုတွေ ဆောင်ရွက်နေပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးလည်း လာရောက်ပြီး ရေဘေးသင့် ပြည်သူတွေကို ကူညီဆောင်ရွက်ဖို့ ဆောင်ရွက်နေပါတယ်။

အမြန်လမ်းပေါ်က ဆွာချောင်းတံတားရှိရာကို ခုမနက်ကပဲ ဒု သမ္မတ ဟင်နရီဗန်ထီးယူနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ လာရောက်ကြည့်ရှုခဲ့ကြ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013