DVB Logo
Home
မြန်မာသတင်း
စစ်တောင်းမြစ်ဘေးကျေးရွာများ အထူးသတိပြုနေထိုင်ရန် ပဲခူးတိုင်းအစိုးရအဖွဲ့ ထုတ်ပြန်
DVB
·
August 29, 2018
စစ်တောင်းမြစ်ဘေးကျေးရွာများ အထူးသတိပြုနေထိုင်ရန် ပဲခူးတိုင်းအစိုးရအဖွဲ့ ထုတ်ပြန်
Donate to DVB

ပဲခူးတိုင်း  တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့ရှိ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ(ယာဘက်ခြမ်း) ဒီနေ့ မနက် ၆ နာရီလောက်က ကျိုးပေါက်ခဲ့တဲ့အတွက် စစ်တောင်း မြစ်ကမ်းဘေးကျေးရွာတွေ အထူးသတိပြုနေထိုင်ဖို့ ပဲခူးတိုင်းအစိုးရအဖွဲ့က အထူးသတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

ဆွာချောင်းရေလှောင်တမံ၏ ရေပိုလွှဲ(ယာဘက်ခြမ်း) ကျိုးပေါက်တဲ့အတွက် စစ်တောင်း မြစ်ကမ်းဘေးရှိ ကျေးရွာများအနေနဲ့ အထူးသတိပြု နေထိုင်ကြပါဖို့နဲ့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း အချိန်နဲ့တပြေးညီ သတင်းထုတ်ပြန်ပေးသွားမယ်လို့ ကြေညာပါတယ်။

ဆွာချောင်းရေလှောင်တမံ၏ ရေပိုလွဲ(ယာဘက်ခြင်း) ကျိုးပေါက်မှု ပြန်လည်ပြင်ဆင်နိုင်ဖို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနဲ့ ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အနီးကပ် ကြီးကြပ် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013