DVB Logo
Home
မြန်မာသတင်း
စစ်တွေဆိပ်ကမ်းစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်
DVB
·
August 2, 2012
စစ်တွေဆိပ်ကမ်းစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်
1 / 2
Donate to DVB

ရခိုင်ပြည်နယ် စစ်တွေရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ နဲ့ ဒေသခံတွေ ကျန်းမာရေး ထိခိုက်မှုတွေရှိနေတယ်လို့ ရခိုင် လူ့အခွင့်အရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့က ပြောဆိုလိုက်ပါတယ်။

ရခိုင် လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဝင် ဦးလှဝင်းက “ဆိပ်ကမ်းအတွက် လိုအပ်တဲ့သစ်တွေကို စစ်တွေဆိပ်ကမ်းကနေ အခေါက်ပေါင်း ရာနဲ့ချီပြီးယူတယ်။ လမ်းတွေပျက်စီးတယ်၊ တံတားတွေ ပျက်စီးတယ်။ နောက် သဲကားတွေက ကျန်ခဲ့တဲ့ သဲတွေက လေတိုက်တော့ လွင့်တယ်၊ မျက်စိ ကျန်းမာရေးထိခိုက်တယ်။ ဆိပ်ကမ်းမှာဆိုရင် တိုင်တွေ ရာနဲ့ချီပြီးစိုက်တယ်။ ပန္နက်တွေရိုက်ရတယ်။ အဲက တုန်ခါမှုကြောင့် ဆေးရုံအဆောက်အဦတွေ၊ နံရံတွေ၊ မျက်နှာကြက်တို့ဘာတို့ ကွဲတာတွေရှိတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ဒေသခံတွေဟာ ညပိုင်းမှာ ဆိပ်ကမ်းတည်ဆောက်ရေး လုပ်ငန်းခွင်က ကျယ်လောင်တဲ့ အသံတွေကြောင့် ပိုမိုထိတ်လန့်နေကြရတယ်လို့ ဆိုပါတယ်။

“ညညဆိုရင် ဆိမ်ကမ်းတည်းဆောက်တဲ့ဆီက အသံကျယ်လောင်တာတွေ ရှိတယ်။ သေနတ်ဖောက် တဲ့ အသံလို ကျယ်လောင်တဲ့ အသံတွေ ထွက်လာတဲ့အခါကျတော့ စစ်တွေမြို့ပေါ်က လူတွေက တညလုံး စိုးရိမ်ထိတ်လန့်နေကြတယ်။ ကျနော်က ဆိပ်ကမ်းမှာနေတော့ ကျနော့်ကို ဖုန်းတဂွမ်ဂွမ် ဆက်ကြတယ်။ သေနတ်ဖောက်တာလား။ ကုလားတက်လာတာလား။ အဲလိုမျိုး ထင်ကြတယ်။ ၁၄၄ ထုတ်ထားတဲ့အချိန်မှာတော့ လူတွေက ပိုပြီး စိုးရိမ်ကြောင့်ကြ ကြတာပေါ့။”

သြဂုတ် ၁ ရက်နေ့ကတော့ ညပိုင်းတည်ဆောက်မှုမလုပ်ဖို့ ပြည်နယ်ဆိပ်ကမ်း အာဏာပိုင်တွေထံ သွားရောက်တင်ပြခဲ့တယ်လို့ ဦးလှဝင်းက ပြောပါတယ်။

ရေနက်ဆိပ်ကမ်းတည်ဆောက်တဲ့ စီမံကိန်းမှာ မလွတ်တဲ့  အိမ်တွေ ပြောင်းရွှေ့ဖယ်ပေးရတာတွေ ရှိသလို စီမံကိန်းကြောင့် စစ်တွေမြို့တွင်းမှာ ပျက်စီးမှုတွေကလည်း ရှိနေတာပါ။

ဒါ့အပြင် ဒီစစ်တွေရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ပွိုင့်ကမ်းခြေနဲ့ မင်းကြီး ကျောက်တန်း ကမ်းခြေတွေက သဲတွေကို ထုတ်ယူကြပါတယ်။ ပွိုင့်ကမ်းခြေဟာ စစ်တွေမြို့ခံတွေရဲ့ အဓိက အပန်းဖြေနေတဲ့နေရာ တခုဖြစ်တာကြောင့်  ဒေသခံတွေက ဒီစီမံကိန်းကို  စစ်တွေမြို့ပြင်မှာ ပြောင်းရွှေ့ပေးဖို့ သမ္မတဆီကို တိုင်ကြားထားတယ်လို့ လူ့အခငြ့်အရေးနဲ့ ဖြံ့ဖြိုးတိုးတက်ရေးအဖြဲ့ရဲ့ အမှုဆောင် ဒါရိုက္တာ ကိုအောင္မင်းဦးကျေပာပါတယ်။

“ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီနဲ့ ချင်းအမျိုးသားပါတီ နှစ်ခုပေါင်းပြီးတော့ နိုင်ငံတော် သမ္မတကြီးဆီကို တင်ပြထားတာ ရှိပါတယ်။ သဘာဝပတ်ဝန်းကျင်အရရော၊ လူတွေရဲ့ အဓိက ထိခိုက်မှုနည်းတဲ့နေရာကို ရွှေ့ပေးပါဆိုပြီး အဲဒီလိုမျိုး လုပ်ထားတာရှိတယ်။ ဒါပေမယ့် အစိုးရ အနေနဲ့ရော ဆိပ်ကမ်းကို ဦးဆောင်မှု လုပ်နေတဲ့ ကုမ္ပဏီအနေနဲ့ရော ရွှေ့ပေးတာ မတွေ့ရသေးပါဘူး။ ဒီစီမံကိန်းကို မြို့အပြင်ဘက်ကို ရွှေ့ပေးစေချင်တယ်။ အဲဒါက ကျနော်တို့ အဖွဲ့အစည်းတခုတည်းနဲ့တင် တောင်းဆိုတာ မဟုတ်ပါဘူး။ လူထုတရပ်လုံး တောင်းဆိုမှုကို ကိုယ်စားပြုပြီး သမ္မတကြီးကို တောင်းဆိုတာ ဖြစ်ပါတယ်။”

စစ်တွေရေနက်ဆိပ်ကမ်းကို ၂၀၁၀ ခုနှစ် ဒီဇင်ဘာလက အိန္ဒိယနိုင်ငံက အက်စ်ဆာ (Essar) ကုမ္ပဏီနဲ့ မြန်မာနိုင်ငံက အရုဏ်ဦး ကုမ္ပဏီတို့ စတင် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ စစ်တွေ ရေနက်ဆိပ်ကမ်း စီမံကိန်းဟာ ကုလားတန်မြစ် ဘက်စုံကုန်သွယ်ရေးလမ်းကြောင်း စီမံကိန်းရဲ့  အစိတ်အပိုင်း တခုလည်း ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ  မီဇိုရမ်ပြည်နယ်က  ကုန်ပစ္စည်းတွေ  ကုလားတန်မြစ်ကို အသုံးပြုပြီး စစ်တွေဆိပ်ကမ်းကနေ နိုင်ငံတကာကို ကုန်သွယ် ဆက်သွယ်ဖို့လမ်းကြောင်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013