DVB Logo
Home
မြန်မာသတင်း
မူးယစ်ဆေးဝါးဖမ်းဆီးရာမှာ သေနတ်ဒဏ်ရာရရှိခဲ့သူ ဆေးကုသမှုခံယူရင်း သေဆုံး
DVB
·
August 28, 2018
မူးယစ်ဆေးဝါးဖမ်းဆီးရာမှာ သေနတ်ဒဏ်ရာရရှိခဲ့သူ ဆေးကုသမှုခံယူရင်း သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်မှာ ဩဂုတ် ၂၅ ရက် ညပိုင်းက မူးယစ်ဆေးဝါးကျော်ဇောသူကို တာဝန်ရှိသူတွေက သွားရောက်ဖမ်းဆီးရာမှာ ပြန်လည်ခုခံလို့ သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ပစ်ခတ်ခဲ့ရသူ အောင်တုတ်ဆိုသူမှာ ကျည်ဗိုက်ဖောက်ဝင် မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ပြီး ဗန်းမောက်မြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေစဉ် နောက်နေ့ မှာပဲ သေဆုံးသွားခဲ့ တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဖြိုးကျော်အောင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာတော့ ခွဲစိပ်ကုသမှုအောင်မြင်တယ်။ ဒီဟာကြောင့်သေတာ မဟုတ်ဘူး။ သွေးစစ်ချက်အရ သူက မူးယစ်ဆေးသုံးတော့ သူ့မှာ အသည်းရောင် အသားဝါ စီပိုး၊ အိပ်အိုင်ဗွီပိုးလည်း တွေ့ရတယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

သေဆုံးသွားတဲ့ ပိန္နဲပင်ကျေးရွာ၊ ဗန်းမောက်မြို့နယ်နေသူ အသက် ၃၅ နှစ်အရွယ် အောင်တုတ်ဆိုသူရဲ့ အလောင်းကိုတော့ သေဆုံးတဲ့နေ့ သြဂုတ် ၂၆ ရက် ည ၈ နာရီခန့် အချိန်မှာပဲ ဆွေမျိုးသားချင်းစုံစုံလင်လင်နဲ့ မြေမြုပ်သင်္ဂြိုဟ်ခဲ့ပါတယ်။

သေဆုံးသူ မိသားစုကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ရက်လည်ဆွမ်းကျွေး စရိတ်တောင်းတာက လွဲလို့ ဘာမှလုပ်ဆောင်တာ မရှိဘူးလို့ ဆိုပါတယ်။

“သေတာက ညနေပိုင်းမှာပေါ့။ ညမှာတော့ သူ့မိသားစုဝင်တွေနဲ့အတူ ရဲတပ်ဖွဲ့၊ လူမှု ကူညီရေးအသင်း၊ မူးယစ်တားအဖွဲ့နှင့် ကျနော်တို့ လိုက်ပြီး အကုန်လုပ်ပေးခဲ့တယ်။ သေတဲ့သူရဲ့ မိသားစုကတော့ ရက်လည်ဆွမ်းကျွေးစရိတ်တောင်းတယ်။ ဒါပေမယ့် အဲလိုကတော့ ကျနော်တို့ က မပေးနိုင်ဘူးပေါ့။ ဒါပေမယ့် အလှူခံပြီး ရသမျှကိုတော့ ထောက်ပံ့ပေးမယ်လို့တော့ ပြောလိုက်တယ်။”လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေက ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်တဲ့ ဒုတပ်ကြပ်ကိုလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က အရေးယူဖို့တော့ မရှိဘူးလို့ သိရပါတယ်။ ဒါကလည်း ဥပဒေနဲ့အညီလုပ်ခဲ့တာဖြစ်ပြီး သေစေလိုလို့မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ်ကာကွယ်တဲ့အနေနဲ့လုပ်ခဲ့ဖြစ်တာကြောင့်လို့ သိရပါတယ်။

မူးယစ်ဆေးဝါးဖမ်းဆီးစဉ်က သေဆုံးသူအောင်တုတ်နဲ့ မန်ရှင်းဆိုသူတို့ကို ရဲဒင်း ၁ လက်၊ ဘိန်းဖြူ ၂.၄ ဂရမ်၊ တူမီးသေနတ် ၂ လက်နဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သေဆုံးသူ အောင်တုတ်၊ မန်ရှင်းတို့ ကို ဗန်းမောက်မြို့မ ရဲစခန်းက မယ(ပ)၇၇/၂၀၁၈၊ မူးစိတ်ပုဒ်မ ၁၆(ဂ)/၂၁/၂၂(ခ)တို့အပြင် လူသတ်ရန်ကြံစည်မှု ရာဇသတ်ကြီးပုဒ်မ ၃၀၇ နဲ့ပါ အမှုဖွင့်ထား ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013