DVB Logo
Home
မြန်မာသတင်း
ရွှေတြိဂံဒေသ ကာစီနိုရုံအနီး  မြန်မာနိုင်ငံသား ၂၀၀ ကျော် ဖမ်းဆီးခံရ
DVB
·
August 28, 2018
ရွှေတြိဂံဒေသ ကာစီနိုရုံအနီး  မြန်မာနိုင်ငံသား ၂၀၀ ကျော် ဖမ်းဆီးခံရ
Donate to DVB

ရွှေတြိဂံဒေသ လာအိုနိုင်ငံ ကာစီနိုလောင်းကစားရုံဧရိယာအတွင်း အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၂၀၀ ကျော်လောက်ကို ဒီနေ့ မနက်က လာအိုရဲတွေက ဖမ်းဆီးသွားပါတယ်။

ဖမ်းဆီးခံရသူတွေကတော့ တရားမ၀င် အထောက်အထားစာရွက်စာတမ်း မရှိတဲ့အတွက် ဖမ်းဆီးခံရတာတွေဖြစ်ပြီး မနက် ၄ နာရီလောက်က ရခိုင်ရွာလို့ အမည်ပေးထားတဲ့ ကာစီနို ဧရိယာအတွင်းက အိမ်တွေမှာ ၀င်ရောက်ဖမ်းဆီးသွားကြတာပါ။

ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး လာအိုနိုင်ငံမှာ အလုပ်လုပ်ကိုင်နေသူတဦးက "မနက် အစောကြီးဝင်ဖမ်းသွားတာ စစ်ကားအကြီးကြီး ၃ စီးနဲ့တင်သွားတာ လူ ၂၀၀ ကျော်လောက် ပါသွားတယ်။ မနက် ၈ နာရီအထိ လိုက်ဖမ်းနေတာ ဒါကြောင့် တောတွေထဲ အကုန်ဝင်ပြေး ကြရတယ်"လို့ပြောပါတယ်။

လက်ရှိအချိန်ထိတော့ ဖမ်းခံထားရတဲ့သူတွေကို ပြန်ရွေးဖို့ လုပ်ငန်းရှင်တွေက လိုက်လံပြောဆိုတာရှိတယ်လို့သိရပါတယ်။ အဖမ်းခံရတဲ့သူတွေကတော့ ကာစီနိုဝန်းအတွင်းက ပန်ရံအလုပ်သမားနဲ့ တခြားနေ့စားအလုပ်သမားတွေဖြစ်ပါတယ်။

လာအိုနိုင်ငံအတွင်းနေထိုင်ဖို့ လာအိုအစိုးရက ၆ လသက်တမ်းရှိတဲ့ နေထိုင်ခွင့်ကတ်တွေ ထုတ်ပေးထားတာရှိပြီး သတ်မှတ်ထားတဲ့ ဧရိယာအတွင်း နေထိုင်ခွင့်သာရှိတယ်လို့ သိရပါ တယ်။

ရွှေတြိဂံဒေသ လာအိုနိုင်ငံအတွင်းက China Town လောင်းကစားရုံဧရိယာဟာ ၈ မိုင်ပတ်လည် ကျယ်ဝန်းပြီး လာအိုအစိုးရက တရုတ်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်ကို နှစ် ၁၀၀ စာချုပ်နဲ့ ငှားရမ်းထားတာဖြစ်ပြီး မြန်မာနိုင်ငံသား ၃၀၀၀၀ ကျော် အလုပ်လုပ်ကိုင်နေ ကြတယ်လို့လည်း သိရပါတယ်။

ကိုဇက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013