DVB Logo
Home
သတင်းဓာတ်ပုံ
၈၈ မျိုးဆက်ကျောင်းသားများ ရခိုင်ခရီးစဉ် (သတင်းဓာတ်ပုံ)
DVB
·
August 2, 2012
၈၈ မျိုးဆက်ကျောင်းသားများ ရခိုင်ခရီးစဉ် (သတင်းဓာတ်ပုံ)
1 / 2
Donate to DVB

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးနဲ့အဖွဲ့ဟာ ဩဂုတ် ၁ ရက်နေ့မှာ ကျောက်ဖြူမြို့ကို ရောက်ရှိပြီး လူမှုအဖွဲ့အစည်းတချို့နဲ့ တွေ့ဆုံသွားပါတယ်။

ကိုကိုကြီး၊ ကိုဇော်မင်း၊ မမီးမီးနဲ့ မနီလာသိန်းတို့ဟာ ကျောက်ဖြူမြို့ကို နေ့လည် ၂ နာရီကျော်ကျော်မှာ ရောက်ရှိလာတာဖြစ်ပြီး ကျောက်ဖြူမြို့ ရွှေဂက်စ် စီမံကိန်းနယ်မြေကို သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။ အဲဒီကနေ တဆင့် ရမ်းဗြဲကို ဆက်လက်သွားရောက်ခဲ့ကြပါတယ်။

၈၈ မျိုးဆက်ကျောင်းသားတွေဟာ ဒီခရီးစဉ်အတွင်း ကျောက်ဖြူနဲ့ ရမ်းဗြဲမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေ၊ ဒေသခံအဖွဲ့အစည်းတွေအပြင် ကမန်တိုင်းရင်းသားပါတီနဲ့လည်း တွေ့ဆုံသွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အကြမ်းဖက်မှုတွေအတွင်း ဘေးဒုက္ခကြုံခဲ့ရတဲ့သူတွေကိုလည်း သွားရောက်တွေ့ဆုံပြီး လိုအပ်တဲ့ ဆေးဝါးနဲ့ ငွေကြေးတွေကိုလည်း လှူဒါန်းသွားမယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ လက်ရှိအစိုးရကို သတင်းအချက်အလက် မှန်မှန်ကန်ကန် တင်ပြနိုင်ဖို့ အခုလို ကိုယ်တိုင်လာရောက်ခဲ့တာလို့ ဦီးကိုကိုကြီးက ပြောပါတယ်။

၈၈ မျိုးဆက်ကျောင်းသားတွေဟာ ပြီးခဲ့တဲ့လ ၁၀ ရက်နေ့ကလည်း စစ်တွေ၊ ဘူးသီးတောင်နဲ့ မောင်တောကို ၄ ရက်ကြာသွားရောက်ပြီး သက်ဆိုင်ရာပုဂ္ဂိုလ်တွေ နယ်မြေခံ အစိုးရအဖွဲ့တွေ့နဲ့ တွေ့ဆုံခဲ့သလို ဘေးဒုက္ခကြုံတွေ့နေရသူတွေဆီကိုလည်း သွားရောက်တွေ့ဆုံ အလှူငွေတွေ ပေးအပ်ခဲ့ကြပါတယ်။

[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/88/]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013