DVB Logo
Home
မြန်မာသတင်း
ကရင်နီနယ်ထဲက တပ်သိမ်းမြေယာ ပြန်ရရေး ဆုတောင်း
DVB
·
August 2, 2012
Donate to DVB

ကရင်နီပြည်နယ်တွင်းမှာ စစ်တပ်က သိမ်းဆည်းထားတဲ့ မြေယာတွေ ပြန်ရဖို့ ကျေးရွာလူထု ၅၀၀ ကျော်က ဖရူးဆိုးမြို့နယ် မာဖရိုရှေ့ကျေးရွာရှိ ကက်သလစ် ဘုရားရှိခိုးကျောင်းမှာ ဇူလိုင် ၂၉ ရက်နေ့ မနက်က ဝတ်ပြုဆုတောင်းကြပါတယ်။

အမှတ် ၁၄ စစ်လေ့ကျင့်ရေးကျောင်းတည်ဆောက်ဖို့ ဆိုပြီး မြေတွေသိမ်းခံခဲ့ကြရတာဖြစ်ပြီး တပ်သိမ်းမြေယာတွေ ပြန်လည်ရရှိနိုင်ရေး အတွက်ကို ပြည်နယ်အစိုးရ၊ လွှတ်တော်အမတ်နှင့် သမ္မတထံ တင်ပြတောင်းဆိုခဲ့ပေမယ့်  မတုံ့ပြန်သေးဘူးလို့ လောဂျာမှ ကက်သလစ် သာသနာဆရာ ခူသဲရယ်က ပြောပါတယ်။

သမ္မတနဲ့ဝန်ကြီးတွေထံ ဒီကိစ္စကို ဖြေရှင်းဆောင်ရွက်ပေးဖို့ စာတင်ခဲ့ပေမယ့်လည်း ထူးခြားမလာတဲ့အတွက် အစည်းအဝေးထိုင်ပြီး စုပေါင်းဆုတောင်းပွဲလုပ်ခဲ့ကြတာလို့ သူက ပြောပါတယ်။

အဲဒီဆုတောင်းပွဲကို မာဖရိုရှေ့ကျေးရွာ အုပ်စုများရှိ ဒေသခံလူထုတွေ တက်ရောက်ကြပြီး အပတ်စဉ် ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်နေကြတာ ယခုအကြိမ်ဆိုလျှင် ၅ ကြိမ်မြောက်ရှိပြီ ဖြစ်ပါတယ်။

တောင်ယာဧက ၁၆ ဧကပါ သိမ်းခံရတဲ့ လောဂျာ ကျေးရွာမှ ခူဦးရယ်က ဒေသခံတွေဟာ လယ်ယာမြေလုပ်ငန်းကိုသာ အားကိုး လုပ်ကိုင်စားသောက်နေရာက အခုလို သိမ်းဆည်းတဲ့အတွက် ဘ၀ရပ်တည်မှုကို ထိခိုက်စေတယ်လို့ ပြောပါတယ်။

အမှတ် ၁၄ စစ်လေ့ကျင့်ရေးကျောင်းကိစ္စနဲ့ ပတ်သက်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) အဖွဲ့ခေါင်းဆောင်တွေကလည်း လူထုအတွက် အကျိုးရှိစေမယ့် အဆောက်အဦတခုအဖြစ်သော်လည်းကောင်း ပြန်လည်ရရှိနိုင်ဖို့ မြန်မာအစိုးရနဲ့ ဆွေးနွေးတဲ့အခါ မတ် ၇ ရက်နေ့ ပဏာမ တွေ့ဆုံဆွေးနွေးချိန်မှာ ၁ ကြိမ်၊ ဇွန် ၉ ရက်နေ့ ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးစဉ်မှာ ၁ ကြိမ် ဆွေးနွေးခဲ့ကြပေမယ့်လည်း  ဆုံးဖြတ်ချက် မချနိုင်ကြသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013