DVB Logo
Home
မြန်မာသတင်း
ပဲခူးတိုင်းဒေသကြီးအတွင်း တရားမဝင်သစ်များ ပိုမိုဖမ်းမိ
DVB
·
August 28, 2018
ပဲခူးတိုင်းဒေသကြီးအတွင်း တရားမဝင်သစ်များ ပိုမိုဖမ်းမိ
Donate to DVB

ပဲခူးတိုင်းဒေသကြီးအတွင်း တရားမဝင်သစ်တွေ ပိုမိုဖမ်းမိတယ်လို့ တိုင်းဒေသကြီး သယံဇာတ၊ သစ်တောနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာစောညိုဝင်းက ဒီဗွီဘီကို ပြောပါတယ်။

တရားမဝင်သစ်တွေကို ဖမ်းဆီးရာမှာ ၂၀၁၇ နှစ်က သြဂုတ်လအထိ သစ်တန် ၁၂၀၀ ခန့် ဖမ်းဆီးရမိထားခဲ့ပြီး အခုနှစ်မှာတော့  တန် ၁၃၀၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

သစ်ခိုးထုတ်မှုတွေကို ပွင့်လင်းရာသီနဲ့ ရေကြောင်းအသုံးပြု ထုတ်လုပ်နိုင်တဲ့ အချိန်တွေ မှာ ပိုမိုဖမ်းဆီးမိတယ်လို့ သိရပါတယ်။

ပဲခူးတိုင်းထဲမှာ တရားမဝင် သစ်ထုတ်လုပ်မှုတွေကို ထိထိရောက်ရောက် တားဆီးနိုင်ဖို့ တရားမဝင် သစ်ထိန်းချုပ်ရေးနှင့် ကြီးကြပ်ရေးကော်မတီကို ၂၀၁၆မှာ စတင် ဖွဲ့စည်းခဲ့ပါတယ်။

အခုလက်ရှိ ၂၀၁၈ ခုနှစ်မှာ ကော်မတီကို အသစ်ပြန်လည်ပြီး အင်အားတိုးချဲ့ ဖွဲ့စည်းခဲ့တာကြောင့် တရားမဝင်သစ်တွေကို ပိုမိုတားဆီးလာနိုင်တယ်လို့  ဝန်ကြီး ဒေါက်တာစောညိုဝင်းက ပြောပါတယ်။

"တရားမဝင်သစ်နဲ့ ပတ်သက်ရင် အရင်က ကော်မတီဖွဲ့ပြီး ဆောင်ရွက်ခဲ့ရာမှာ အားနည်းမှုတွေ ရှိခဲ့ပါတယ်။ ကျနော့်လက်ထက်မှာ ဖွဲ့စည်းပုံကအစ ပြောင်းလိုက်တယ်။ ယခင်က တရားမဝင် သစ်ထိန်းချုပ်ရေးနဲ့ ကြီးကြပ်ရေးကော်မတီကို တိုင်းဒေသကြီးအဆင့် သယံဇာတဝန်ကြီးအဆင့်ကပဲ တာဝန်ယူတယ်။ သူက ဥက္ကဋ္ဌအဖြစ် အခြားဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်တယ်။ အဲဒီလို ဆောင်ရွက်တာဟာ မအောင်မြင်ဘူးလား ဆိုတော့ အောင်မြင်တယ်။ ဒါပေမယ့် အထိုက်အလျောက်သာ အောင်မြင်တယ်။ အင်အားနည်းမှုတွေ ကြောင့်ပါ။ အခုတော့ အသစ်ပြန်ပြီး တိုးချဲ့ဖွဲ့စည်းလိုက်ပါတယ်။ ဥက္ကဋ္ဌအဖြစ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တာဝန်ယူပြီးတော့ ဥက္ကဋ္ဌ (၁) နဲ့ (၂) ကိုတော့ သယံဇာတဝန်ကြီးနဲ့ နယ်လုံ ဝန်ကြီးက တာဝန်ယူပါတယ်။ ဒါကြောင့် တရားမဝင်သစ်နဲ့ ပတ်သက်ပြီး ထိန်းချုပ်ဖို့ အဖွဲ့အစည်း အားလုံးကို စုစည်းပြီးသား ဖြစ်သွားပါတယ်။”

အခုလက်ရှိ အသုံးပြုနေတဲ့ တရားမဝင် သစ်ထိန်းချုပ်ရေးနဲ့ ကြီးကြပ်ရေးကော်မတီ အမည်ကို သစ်တောထွက်ပစ္စည်းတွေနဲ့ အခြားသယံဇာတတွေကိုပါ ပိုမိုထိန်းသိမ်းနိုင်ဖို့အတွက် တရားမဝင် သယံဇာတ ထိန်းချုပ်ရေးနဲ့ ကြီးကြပ်ရေးကော်မတီလို့ ပြောင်းလဲ သတ်မှတ်သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013