DVB Logo
Home
မြန်မာသတင်း
ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲ ရန်ကုန်တွင် ကျင်းပ (သတင်းဓာတ်ပုံ)
DVB
·
August 28, 2018
ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲ ရန်ကုန်တွင် ကျင်းပ (သတင်းဓာတ်ပုံ)
1 / 5
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပတဲ့ ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကို ဒီကနေ့ သြဂုတ်လ ၂၈ ရက်က ရန်ကုန် မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ  MCC ခန်းမမှာ ကျင်းပနေပါတယ်။

ဒီအခမ်းအနားကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင်တွေနဲ့  ကရင်တိုင်းရင်းသားတွေ ထောင်ချီတက်ရောက်ခဲ့ပါတယ်။

ဝါခေါင်လ ကရင်လို (လားခူး)ရောက်တိုင်း ကရင်လူမျိုးတွေဟာ ရိုးရာချည်ဖြူဖွဲ့မင်္ဂလာကို အဆောင်အယောင် ၇ မျိုးဖြစ်တဲ့ ထမင်းဆုပ်၊ ကောင်ညှင်းထုပ်၊ ငှက်ပျောသီး၊ ကြံ၊ ပန်း၊ ရေ နဲ့ ချူဖြူတွေကို အသုံးပြုပြီး ကျင်းပလေ့ရှိပါတယ်။

ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ဟာ ရပ်ဝေးရပ်နီးတွေမှာ ရှိနေကြပြီး စိတ်ပိုင်းနဲ့ ရုပ်ပိုင်းအရ ကွဲကွာနေကြတဲ့မိသားစုနဲ့ ဆွေမျိုးညာတိအားလုံး စုရုံးကြပြီး လက်ချည်မင်္ဂလာ ကျင်းပတာဖြစ်ပါတယ်။

ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲဟာ လူမျိုးတမျိုးအနေနဲ့ ရုပ်ပိုင်းအပြင် စိတ်ပိုင်းဆိုင်ရာ ချစ်ကြည်ရင်းနှီးကြမှုနဲ့ စည်းလုံးမှုရှိစေဖို့ ရည်ရွယ်တဲ့ ကရင်ရိုးရာထုံးတမ်းစဉ်လာ တရပ် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013