DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်း ချောက်မြို့နယ်တွင် ဓာတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွား
DVB
·
August 2, 2012
Donate to DVB

မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်း ချောက်မြို့နဲ့ ၂ မိုင်အကွာမှာ  ဒီနေ့ မွန်းလွဲ ၁ နာရီလောက်က ဓာတ်ငွေ့ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပါတယ်။

မီးခိုးလုံးနဲ့ ပေါက်ကွဲသံကို ၃ မိုင်အကွာ စလေမြို့ကနေ ကြားရမြင်ရတယ်လို့ စလေမြို့ခံတဦးက ပြောပါ တယ်။

“H2O2 စက်ရုံကနေ ၁ နာရီလောက်က ထိန်းကနဲ အသံကြားတာနဲ့ ထွက်ကြည့်တော့ မီးခိုးလုံးကြီးက ကောင်းကင်မှာ အတော်မြင့်တာ၊ ပထမဆုံးအသံကတော့ နည်းနည်းပြင်းတယ်၊ ၅ ချက်ဆင့်ပြီး ပေါက်ကွဲသံထွက်လာတာ။ ရဲ၊ ကြက်ခြေနီ၊ ကယ်ဆယ်ရေး မီးသတ်တွေရော သွားကြတယ်။”

ပေါက်ကွဲရာအရပ်ကို သွားကြည့်ဖို့ လမ်းတ၀က်မှာ လုံခြုံရေးရဲတွေက အန္တရာယ်ရှိတယ်ဆိုပြီး ဆက်မသွားဖို့ တားမြစ်ခဲ့တဲ့အတွက် လှည့်ပြန်ခဲ့တယ်လို့ သူကပြောပါတယ်။

ပေါက်ကွဲရတဲ့အကြောင်းရင်းကို မသိရပေမယ့် ပေါက်ကွဲတဲ့အရာဟာ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် (H2O2) ဓာတ်ငွေ့ သိုမှီးထားတဲ့ စက်ရုံက ဖြစ်ကြောင်း၊ အရောင်ချွတ်ဆေးထုတ်လုပ်ရာမှာ အသုံးပြုတာဖြစ်ကြောင်း၊ လူအသေအပျောက် မသိရပေမယ့် အနီးတ၀ိုက်ကလူတွေ အသက်ရှူကြပ်တဲ့ဝေဒနာ ခံစားရတယ်လို့ အဲဒီဒေသတ၀ိုက်က ပြန်လာတဲ့သူတွေ ပြောဆိုနေကြောင်း ဒေသခံက ဆက်ပြောပါတယ်။

အသေးစိတ်သိရဖို့အတွက် ဌာနဆိုင်ရာ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013