
စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ် ဖောင်းပြင်မြို့အနီး ဒီနေ့ မနက်ပိုင်းက အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဒီနေ့ သြဂုတ်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် ၁၀ နာရီ ၅၅ မိနစ် ၃၁ စက္ကန့် အချိန်မှာ တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၂၉ မိုင်လောက်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း ဖောင်းပြင်မြို့ရဲ့ အနောက်မြောက်ဘက် ၁၂ မိုင်လောက်အကွာ မြောက်လတ္တီတွဒ် ၂၄.၄၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၇၁ ဒီဂရီ၊ အနက် ၇၃ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာ စကေး ၄.၀ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ရှားသွားတာ ဖြစ်ပါတယ်။











