DVB Logo
Home
မြန်မာသတင်း
အားလုံး ပူးပေါင်းဆောင်ရွက်မှ တိုင်းပြည်စီးပွားရေး တိုးတက်မည်ဟု စီးပွားရေးလုပ်ငန်းရှင်များပြော
DVB
·
August 28, 2018
အားလုံး ပူးပေါင်းဆောင်ရွက်မှ တိုင်းပြည်စီးပွားရေး တိုးတက်မည်ဟု စီးပွားရေးလုပ်ငန်းရှင်များပြော
Donate to DVB

အားလုံး ပူးပေါင်းဆောင်ရွက်မှ တိုင်းပြည်စီးပွားရေး တိုးတက်မယ်လို့ မနေ့က နေပြည်တော်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်က ပြောပါတယ်။

အခုလို အားလုံး ဝိုင်းဝန်းလုပ်တဲ့နေရာမှာ အစိုးရအနေနဲ့ ကဏ္ဍတခုချင်းစီကို တကယ် သိကျွမ်းတဲ့သူတွေနဲ့ လုပ်သွားမှ အဖြေကောင်းထွက်နိုင်မယ်လို့ မက်စ်မြန်မာအုပ်စု ဥက္ကဋ္ဌ  ဦးဇော်ဇော်က ပြောပါတယ်။

“နိုင်ငံရဲ့ အကြီးအကဲတွေအနေနဲ့ ပိုပြီးတော့လည်း အချက်အလက် မှန်မှန်ကန်ကန်သိဖို့ လိုမယ်ထင်ပါတယ်။ တင်ပြတဲ့အချက်တွေလည်း ပြည့်ပြည့်စုံစုံနဲ့ဆိုရင် သူတို့လည်း ပိုပြီးတော့ ဆုံးဖြတ်ရ လွယ်တာပေါ့။ ကောင်းစေချင်တဲ့ဆန္ဒနဲ့ အားလုံးက တွေ့ကြတာပဲ ဖြစ်ပါတယ်။ အားလုံးမှာလည်း တာဝန်ရှိတဲ့အတွက် ပေါင်းလုပ်မယ်ဆိုရင်၊ အဓိကကတော့ ပူးပေါင်းလုပ်ဖို့ပါပဲ ပူးပေါင်းလုပ်မယ်ဆိုရင် အကျိုးရှိမှာပါ” လို့ ဦးဇော်ဇော်က ပြောပါတယ်။

ဒီတွေ့ဆုံပွဲကနေ အပေါင်းလက္ခဏာဆောင်တဲ့ ရလဒ်တွေရှိပြီး အားလုံး ဝိုင်းလုပ်မှ အောင်မြင်မှာ ဖြစ်တဲ့အတွက် ၀ိုင်းလုပ်ပေးဖို့လည်း စဉ်းစားထားတယ်လို့ IGE ကုမ္ပဏီအုပ်စုနဲ့ ယူနိုက်တက် အမရဘဏ်လုပ်ငန်းရှင် ဦးနေအောင်က ပြောပါတယ်။

“ကိုယ့်လုပ်ငန်းတွေက အတွေ့အကြုံအရ ငွေရေးကြေးရေအရလား၊ နည်းပညာအရလား၊ ပညာရပ်ပိုင်းဆိုင်ရာအရလား ဝိုင်းပြီး ကူညီပေးဖို့ လုပ်ပေးသွားပါမယ်၊ အတိုင်ပင်ခံနဲ့ တွေ့တဲ့အခါကျလည်း အဲအတိုင်းပဲ တင်ပြသွားပါမယ်။ Overall macro level မှာတော့ တော်တော်လေး ကောင်းတာ တွေ့ရပါတယ်။ micro level မှာ တော့ ဆင်းပြီးပြောရမယ့် ဟာလေးတွေ ရှိမယ်လို့ ယူဆပါတယ် " ဆိုပါတယ်။

လက်ရှိတိုင်းပြည်ရဲ့ စီးပွားရေးကို ကျနေတယ်လို့ မမြင်ဘဲ တက်သင့်သလောက် မတက်ဘဲ ဖြစ်နေတာလို့ ဧဒင် အုပ်စုက ဦးချစ်ခိုင်က ပြောပါတယ်။

အစိုးရအနေနဲ့ စီးပွားရေးတိုးတက်ဖို့အတွက် လုပ်ငန်းရှင်တွေရဲ့ အကူအညီကို လိုချင်တယ်ဆိုတဲ့ မက်ဆေ့ပေးဖို့နဲ့ တိုင်းရင်းသားလုပ်ငန်းရှင်တွေကို ဦးစားပေးမယ်ဆိုရင် အားလုံး လုပ်ပေးကြမှာ ဖြစ်တယ်လို့  ဒေါက်တာအောင်ထွန်းသက်က ပြောပါတယ်။

မြန်မာပြည်တွင်းမှာ  မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းပြီး ဒေါ်လာဈေး စံချိန်တင် မြင့်တက် နေသလို စီးပွားရေးလုပ်ငန်းတွေ အခက်အခဲ အကျပ်အတည်းနဲ့ ကြုံတွေ့နေရချိန်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်တွေ မနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြတာပါ။

တိုင်းပြည်ဓနအင်အား ရှိသင့်သလောက် မရှိသေးတဲ့အချိန်မှာ စိတ်ဓာတ်အင်အား ညီညွတ်မှုအင်အားနဲ့ ရပ်တည်သွားရမယ်၊ စီးပွားရေးလုပ်ငန်းရှင်တွေအားလုံးဟာ နိုင်ငံအတွက် ကိုယ့်မှာရှိတဲ့ စေတနာနဲ့ စိတ်ဓာတ်အင်အား၊ ညီညွတ်မှုအင်အားနဲ့သာမကဘဲ ဉာဏ်ပညာ အင်အားနဲ့ပါ ရပ်တည်ပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013