DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနားတွင် အသေးစား စက်မှုလက်မှုလုပ်ငန်း မှတ်ပုံတင်ထားသူ ၃၀၀ ကျော်ရှိ
DVB
·
August 28, 2018
မြစ်ကြီးနားတွင် အသေးစား စက်မှုလက်မှုလုပ်ငန်း မှတ်ပုံတင်ထားသူ ၃၀၀ ကျော်ရှိ
Donate to DVB

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အသေးစား စက်မှုလက်မှုလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး မှတ်ပုံတင်ထားတဲ့ လုပ်ငန်းရှင် ၃၀၀ ကျော်ရှိတယ်လို့ သက်ဆိုင်ရာပြည်နယ်မှူးက ပြောပါတယ်။

အသေးစား စက်မှုလက်မှုလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ၃၀၀ လောက် မှတ်ပုံတင် လျှောက်ထားပြီး ၂၀ လောက်ကတော့ စိစစ်ဆောင်ရွက်ဆဲ ဖြစ်တယ်လို့ သြဂုတ် ၂၇ ရက်နေ့က ကျင်းပတဲ့ အသေးစားစက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲမှာ ပြည်နယ်မှူးက ဒီဗွီဘီကို ပြောပါတယ်။

ကချင်ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ပြည်နယ်မှူး ဦးအောင်မောင်းက “ကျနော့်ဆီမှာ မှတ်ပုံတင်တဲ့သူတွေ အယောက် ၃၀၀ ကျော်ရှိပါတယ်။ ၃၀၀ ကျော်ရဲ့ လုပ်ငန်းတွေ ခိုင်မာဖို့၊ မှန်ကန်ဖို့၊ တိကျဖို့။ စားသောက်ကုန်ဆိုရင်လည်း ပြည်သူ့အတွက် ကျန်းမာရေးအထောက်အကူ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ဟာ၊ လူသုံးကုန်ဆိုရင်လည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ဟာ လေ့ကျင့်သင့်ကြားပေးပြီး ဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပေးတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်လာတဲ့ အသေးစား ဝါးလက်မှုလုပ်ငန်းရှင် ဦးဆင်းဝါးနော်က ဝင်ငွေ ပုံမှန်မဟုတ်ပေမယ့် ပျမ်းမျှ ၁ လကို ၄ သိန်း၊ ၅ သိန်းလောက်တော့ ရတယ်လို့ ပြောပါတယ်။

“ဝင်ငွေရှာလို့ရတယ်။ လက်လုပ်လက်စားဆိုရင် ၄ ထောင်၊ ၅ ထောင် အနည်းဆုံးတော့ အဲ့လိုရတယ်။ ကျနော်ဆိုရင် ထိုင်နိုင်ရင် မနက်ကနေ ညနေပိုင်းအထိ ၅ သောင်း၊ ၆ သောင်းလောက်တော့ ရတယ်။”

ဝါးနဲ့လုပ်တဲ့ အိမ်အသုံးအဆောင်ပစ္စည်းဟာ ကချင်ပြည်နယ်မှာရှိတဲ့ ရွာတိုင်းမှာ ဝါးရရှိနိုင်တဲ့အတွက် အဆင်ပြေတဲ့ လုပ်ငန်းတခု ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် လုံချည်လေးတွေပေါ်မှာ ကချင်တိုင်းရင်းသူ ဝတ်စုံလေးတွေနဲ့ အလှဆင်တဲ့ အလုပ်ကလည်း တထည်ကို အလုပ်သမားခ တနေ့တာအတွက် ထောင်ဂဏန်းကနေ သောင်းဂဏန်းအထိ ရတယ်လို့ လုပ်ငန်းရှင်တဦးဖြစ်တဲ့ ဒေါ်စီစီရွယ်ဆန်က ပြောပါတယ်။

ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းမှာ မှတ်ပုံတင်ထားတဲ့ လုပ်ငန်းတွေထဲမှာတော့ စားသောက်ကုန်၊ ဝတ်ဆင်ရေး၊ လူသုံးကုန်၊ နေထိုင်ရေး၊ အိမ်သုံးကုန် အထွေထွေစက်မှုလုပ်ငန်းတွေ စတဲ့လုပ်ငန်းတွေ ပါဝင်ပါတယ်။

သြဂုတ် ၂၇ ရက်မှာ ပြုလုပ်တဲ့ အသေးစားစက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီး အပါအဝင် သက်ဆိုင်ရာ ဌာနဆိုင်ရာမှ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013