DVB Logo
Home
မြန်မာသတင်း
တပ်မတော်ဆိုင်ရာ ဖေ့စ်ဘွတ်ခ်များ ပိတ်ပင်ခံရမှုကိစ္စ အစိုးရ ပါဝင်ပတ်သက်မှုမရှိဟု ငြင်းဆို
DVB
·
August 28, 2018
တပ်မတော်ဆိုင်ရာ ဖေ့စ်ဘွတ်ခ်များ ပိတ်ပင်ခံရမှုကိစ္စ အစိုးရ ပါဝင်ပတ်သက်မှုမရှိဟု ငြင်းဆို
Donate to DVB

တပ်မတော်ရဲ့ ဖေ့စ်ဘွတ်ခ် အကောင့်စာမျက်နှာတွေ အပိတ်ခံရတဲ့ကိစ္စဟာ အစိုးရရဲ့ ပါဝင်ပတ်သက်မှုမရှိသလို ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဖေ့စ်ဘွတ်ခ်အဖွဲ့နဲ့ ဆွေးနွေးနေတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာနဲ့ စစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြားကွန်ရက် အပါအဝင် လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေ ပိတ်ပင်ခံရတာနဲ့ ပတ်သက်ပြီး ဦးဇော်ဌေးက မီဒီယာတွေကို သြဂုတ် ၂၇ ရက်က အခုလို ပြောတာပါ။

“ပြောချင်တာက နံပါတ် ၁ Senior General Min Aung Hlaing (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်) Page အပါအ၀င် ကျန်တဲ့ Page တွေ ဖြုတ်ချခံရတဲ့ ကိစ္စနဲ့ပတ်သက်လို့ ဖေ့စ်ဘွတ်ခ်က ထုတ်ပြန်ထားတဲ့အတိုင်း ဖြစ်ပါတယ်။ နံပါတ် ၂ ဒီအပေါ်မှာ အစိုးရရဲ့ involve လုံးဝ မပါပါဘူး။ နံပါတ် ၃ အချက်က အစိုးရက ဖွဲ့စည်းထားတဲ့ ဆိုရှယ်မီဒီယာတွေကို ဥပဒေနဲ့အညီ စောင့်ကြည့်ထိန်းကျောင်းမှုပြုလုပ်နိုင်ရေးအဖွဲ့ (Social Media Monitoring Team – SMMT) အဲဒါလည်း မပါဘူးပေါ့။ ဒါကို ကျနော်တို့ အတိအလင်း ပြောချင်တယ်။ သို့သော် ဖြစ်သွားတဲ့နောက်ပိုင်းမှာတော့ ဖေ့စ်ဘွတ်ခ်ကို ပြန်မေးထားတယ်။ ဒါဖြစ်ရတဲ့ အကြောင်းရင်းပေါ့။ Community Standard ကတော့ တန်းတူညီမျှတော့ ဖြစ်ရမယ်ပေါ့။ သူ့တို့ Page တွေ အများကြီးဖြစ်ရတဲ့အပေါ် ဝေဖန်မှုတွေကလည်း အများကြီး မြင့်တက်နေတယ်။ မြင့်တက်နေတဲ့အပေါ်မှာလည်း အစိုးရအနေနဲ့ ဖေ့စ်ဘွတ်ခ်ကို ပြန်ပြီးတော့ အကြောင်းရင်း တိတိကျကျ သိချင်တယ်။ ဒါတွေကို သူတို့ Page တွေ ပြန်ရအောင် ဘယ်လိုလုပ်မလဲ။ သို့တည်းမဟုတ် သူတို့ Page တွေ အသစ်ဖွင့်ရင်ရော ဒီအတိုင်းပဲ ဖြုတ်ချမှာလား ဒီအပေါ်မှာတော့ ဖေ့စ်ဘွတ်ခ်နဲ့ ဆက်ပြီးဆွေးနွေးနေတယ်"လို့ ဦးဇော်ဌေးက ပြောပါတယ်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာနဲ့ စစ်တပ်ပိုင် မြဝတီ ရုပ်မြင်သံကြားကွန်ရက် အပါအဝင် လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာ ၅၂ ခုကို တားမြစ်ပိတ်ပင်လိုက်တယ်လို့ အမေရိကန် အခြေစိုက် ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက မနေ့က ထုတ်ပြန်ထားတာပါ။

မြန်မာနိုင်ငံတွင်းက ဖေ့စ်ဘွတ်ခ်အကောင့် ၁၈ ခု၊ အင်စတာဂရမ်အကောင့် ၁ ခုနဲ့ လူပေါင်း ၁၂ သန်းလောက် follow လုပ်ထားတဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာ ၅၂ ခု တို့ကို ဖယ်ရှားလိုက်တယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013