DVB Logo
Home
မြန်မာသတင်း
တပတ်အတွင်း မူးယစ်မှု ၁၈၅ မှု ဖမ်းဆီးရမိ
DVB
·
August 27, 2018
တပတ်အတွင်း မူးယစ်မှု ၁၈၅ မှု ဖမ်းဆီးရမိ
Donate to DVB

မြန်မာတနိုင်ငံလုံးမှာ သြဂုတ်လ တတိယပတ်အတွင်း မူးယစ်အမှုပေါင်း ၁၈၅ မှုနဲ့ လူပေါင်း ၂၉၃ ယောက် ဖမ်းမိထားတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။

သြဂုတ် ၂၅ ရက်အထိ တရားခံ ကျား ၂၄၄ ယောက်နဲ့ မ ၄၉ ယောက်၊ စုစုပေါင်း  ၂၉၃ ယောက် ဖမ်းမိတာလို့ ဆိုပါတယ်။

ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေအထဲမှာ ဘိန်းဖြူ ၁၉၀၃ ဒသမ ၇၉ ဂရမ်၊ အိုက်စ် ၁ ဒသမ ၃၅ ဂရမ်၊ ဘိန်းမဲ ၃၁၁ ဒသမ ၆၅ ဂရမ်၊ ဘိန်းစိမ်း ၃၁၄၃၆ ဒသမ ၅၀ ဂရမ်၊ အဆင့်နိမ့်ဘိန်း ၅၀ ဒသမ ၅၀ ဂရမ်၊ ဘိန်းစာမှုန့် ၁၅၀၂ ဂရမ်၊ ဘိန်းစာရွက် ၃၂၆၆ ဂရမ်၊ စိတ်ကြွဆေးပြား ၉၂၀၁၇ ပြား၊ ဆေးခြောက် ၁၇၆၆ ဒသမ ၀၈ ဂရမ် စတာတွေပါဝင်ပါတယ်။

ဒါ့အပြင် လက်နက်မျိုးစုံ ၃ လက်ကိုလက်သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

သီးခြားရရှိတဲ့ သတင်းတွေအရ နေပြည်တော်၊ ရှမ်းပြည်နယ် မဘိမ်းမြို့နယ်၊ မိုးမိတ်၊ နမ့်ခမ်း၊ ကွတ်ခိုင်နဲ့ တာချီလိတ်၊ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ တောင်ကုတ်၊ ကျောက်တော်နဲ့ မြောက်ဦး၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး၊ စစ်ကိုင်းတိုင်း ဗန်းမောက်တို့မှာလည်း သြဂုတ် ၁၉ ရက်ကနေ ၂၅ ရက်အထိ မူးယစ်အမှု ၃၃၅ မှု၊ တရားခံ ကျား ၄၂၈ ယောက်၊ မ ၄၈ ယောက်၊ စုစုပေါင်း ၄၇၆ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။

မူးယစ်ဆေးတွေကတော့ ဘိန်းဖြူ ၄၉၇၆ ဒသမ ၁၉ ဂရမ်၊ အိုက်စ် ၃၅၆၆ ဒသမ ၃၃ ဂရမ်၊ ဘိန်းမဲ ၃၁၁ ဒသမ ၆၅ ဂရမ်၊ ဘိန်းစိမ်း ၂၂၀၈၇ ဒသမ ၄၉ ဂရမ်၊ အဆင့်နိမ့်ဘိန်း ၄၅ ဂရမ်၊ ဘိန်းစာမှုန့် ၁၅၈၀ ဂရမ်၊ စိတ်ကြွဆေးပြား ၁၆၉၂၁၇၇ ပြား၊ ဆေးခြောက် ၁၂၇ ဒသမ ၀၄ ဂရမ် စတာတွေ ပါဝင်ပါတယ်။

ဒါ့အပြင် မူးယစ်ဆေးချက်လုပ်ရာမှာ သုံးတဲ့ ဆက်စပ်ပစ္စည်းတွေ၊ သေနတ်မျိုးစုံ ၁၃ လက်၊ ကျည်မျိုးစုံ ၄၀၅ တောင့်တို့ကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနကို ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်က သမ္မတရုံးမှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

မူးယစ်ဆေးဝါးတွေ ပိုမိုဖမ်းဆီးနိုင်ဖို့ ပြည်နယ်နဲ့တိုင်း အစိုးရအဖွဲ့တွေကို တိုင်ကြားနိုင်တဲ့အပြင် အထူးကိစ္စတွေနဲ့ ကြီးမားတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့ ကိစ္စတွေကို သမ္မတရုံးမှာ ဖွင့်လှစ်ထားတဲ့ မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာန ဖုန်း ၀၆၇- ၅၉၀ ၂၀၀၊ ဖက်စ် ၀၆၇- ၅၉၀ ၂၃၃ နဲ့ အီးမေးလ် [email protected] ကို တိုင်ကြားနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013