
သြဂုတ်လ ၂၇ ရက်နေ့ မနက် ၈ နာရီ မိနစ် ၃၀ လောက်က တပ်ကုန်းမြို့နယ်အတွင်း ကားလမ်းမဘေးမှာ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးရှေ့နေတဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ တပ်ကုန်းရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒီဖြစ်စဉ်ကို စုံစမ်းဖော်ထုတ်နိုင်ဖို့နဲ့ ကျူးလွန်တဲ့တရားခံကို အမြန်ဆုံး ဖမ်းဆီးနိုင်ဖို့ အတွက် စခန်းမှူးကိုယ်တိုင်ဦးစီးပြီး ကွင်းဆင်းဆောင်ရွက်နေတယ်လို့ တပ်ကုန်းရဲစခန်းက ပြောပါတယ်။
တပ်ကုန်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတဦးက "တရားခံကို ဖမ်းဆီးဖို့ လုပ်နေသေးချိန်မို့ မပြောနိုင်သေးဘူး။ အမှုကိုတော့ ပုဒ်မ ၃၀၂ နဲ့ဖွင့်လှစ်ထားပြီး တရားခံ အမြန်ဖမ်းမိရေး ကြိုးစားနေတယ်။ စခန်းမှူးကိုယ်တိုင် တရားခံဖမ်းဖို့ ကွင်းဆင်းဆောင်ရွက်နေတယ်"လို့ ပြောပါ တယ်။
သေဆုံးသူ အမျိုးသမီးဟာ ရှေ့နေ ဆုရည်ဖြိုးလို့ သိရပြီး အမှုအပေါ် ကျေနပ်မှုမရှိတဲ့ အမှုသည်တဦးဦးက အခုလို သတ်ဖြတ်ခဲ့တာ ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ယူဆထားပါတယ်။











