DVB Logo
Home
မြန်မာသတင်း
မန္တလေးမြို့ အကြောပြင်ဆိုင်တွင် ဓားကိုင်ဆက်ကြေးငွေတောင်းသူ​ ၄ ဦး ဖမ်းမိ
DVB
·
August 27, 2018
မန္တလေးမြို့ အကြောပြင်ဆိုင်တွင် ဓားကိုင်ဆက်ကြေးငွေတောင်းသူ​ ၄ ဦး ဖမ်းမိ
1 / 2
Donate to DVB

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၄၃ လမ်း၊ ၆၄×၆၅ လမ်း၊ ခရေလမ်းသွယ်မှာ ဖွင့်လှစ်ထားတဲ့ အကြောပြင်ဆိုင်တဆိုင်ကို သြဂုတ် ၂၄ ရက်နေ့ ည ၁ နာရီ​ကျော်​က ၀င်ရောက်ပြီး ဓားကိုင် ဆက်ကြေးတောင်းခံခဲ့သူ ၄ ဦးကို သြဂုတ် ၂၆ ရက်နေ့က ဖမ်းမိခဲ့တယ်လို့ အမှတ်​ ၉ ရဲစခန်းမှ တာဝန်​ရှိသူက​ ပြောပါတယ်​။

လစဉ်ကြေးပေးဖို့ ပြောဆိုထားတဲ့ ငွေကျပ် ၃ သိန်းပေးဖို့ တောင်းခံခဲ့ရာ မ​ပေးတဲ့အတွက်​ ကောင်တာအံဆွဲထဲ ထားရှိတဲ့ ငွေကျပ် ၁ သိန်းယူပြီး ဆိုင်တွင်းက TV ကို ရိုက်ခွဲကာ ဟန်းဆက်စုစုပေါင်း ၆ လုံး (ကာလတန်ဖိုး ၁၁ သိန်းကျော်)ယူဆောင်သွားခဲ့ပါတယ်။ ကျန်တဲ့ ငွေကျပ် ၂ သိန်းကို လကုန်ရက်မှ ပေးဖို့ မပေးနိုင်ပါက ဆိုင်ကိုပိတ်အောင် ချိန်းခြောက်ခဲ့တဲ့ အတွက် ​ဆိုင်​မန်​​နေဂျာက တိုင်​တန်းခဲ့တာပါ။

မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူးဦးတင်​ထွန်း​အောင်​က “ကျူးလွန်သူဆိုတဲ့သူတွေကို လိုက်လံရှာဖွေစုံစမ်းခဲ့တာ ပထမတော့ ၃ ဦးကို မြရည်နန္ဒာ တိုက်ခန်းမှာ မနေ့မနက်ပိုင်းက ဖမ်းမိခဲ့ပြီး နောက်တဦးကိုတော့ အောင်မြေသာစံက သူ့နေ အိမ်မှာ ဖမ်းမိခဲ့တယ်”လို့ ပြောတယ်​။

နောက်ဆုံးဖမ်းဆီးရမိခဲ့သူဟာ မြင့်ချိုဖြစ်ပြီး သူနေထိုင်တဲ့ ညောင်ကွဲရပ်ကွက်နေအိမ်က ငမန်းဂိန်းစက် ဓားရှည်တွေ၊ လက်ကိုင်ဖုန်းတွေ  စတဲ့သက်သေခံပစ္စည်းတွေကိုလည်း သြဂုတ် ၂၆ ရက်ညပိုင်းက ဖမ်းမိခဲ့ပါတယ်​။

ဒီဖြစ်​စဉ်နဲ့ပတ်​သက်​ပြီး မြင့်ချိုပါ ၄ ဦးကို အမှတ် ၉ မြို့မရဲစခန်းမှ (ပ)၆၄၀/ ၂၀၁၈ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၈၆/၄၂၇/၁၁၄ တို့နဲ့ အမှုဖွင့်အရေးယူထားပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013