DVB Logo
Home
မြန်မာသတင်း
ကာကွယ်ရေးဦးစီးချုပ် အပါအဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာ ၅၂ ခု ဖယ်ရှားခံရ
DVB
·
August 27, 2018
ကာကွယ်ရေးဦးစီးချုပ် အပါအဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာ ၅၂ ခု ဖယ်ရှားခံရ
Donate to DVB

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာနဲ့ စစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြားကွန်ရက် အပါအဝင် လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာ ၅၂ ခုကို တားမြစ်ပိတ်ပင်လိုက်တယ်လို့ ဖေ့စ်ဘွတ်ခ်က ထုတ်ပြန်လိုက်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ကြီးမှူးတဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် ရှာဖွေရေး အထူးအဖွဲ့က လတ်တလောအဖြစ်ဆုံး အစီရင်ခံစာအရ နိုင်ငံတကာပညာရှင်တွေဟာ မြန်မာနိုင်ငံတွင်းမှာ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖြစ်စေတဲ့ လူပုဂ္ဂိုလ်တဦးချင်းနဲ့ အဖွဲ့အစည်းတွေဆီက သက်သေအထောက်အထားတွေ အများကြီးကို တွေ့ရှိထားပါတယ်။ နောက်ထပ်လည်း လူမျိုးရေးနဲ့ ဘာသာရေး တင်းမာမှုတွေ ထပ်ဖြစ်စေဖို့ လှုံ့ဆော်တာတွေကို ဖေ့စ်ဘွတ်ခ်အသုံးပြု လုပ်ဆောင်ခြင်းကနေ တားဆီးချင်လို့လည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဖေ့စ်ဘွတ်ခ်ကနေ အကောင့် ၆ ခုနဲ့ ပေ့ခ်ျ စာမျက်နှာ ၆ ခုရယ်၊ အဲ့ဒီလူတွေ၊ အဖွဲ့အစည်းတွေနဲ့ ဆက်နွှယ်နေတဲ့ အင်စတာဂရမ်အကောင့်တခုကို ဖယ်ရှားလိုက်တာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

အခုဆိုရင်တော့ ဖေ့စ်ဘွတ်ခ်ကနေ ပိတ်ထားလိုက်တဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းပေါင်း ၂၀ ရဲ့ ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်အကောင့်တွေ မရှိတော့ဘူးလို့လည်း ဆိုပါတယ်။

ဖေ့စ်ဘွတ်ခ်ကို အသုံးပြုပြီးတော့ အမုန်းစကားတွေနဲ့ သတင်းမှားတွေ ဖြန့်ဖြူးခြင်းမှ ကာကွယ်ဖို့ ဒီလအစောပိုင်းထဲက လုပ်ဆောင်တယ်လို့ ဖေ့စ်ဘွတ်ခ်က သူ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

ဒီနေ့ဆိုရင် မြန်မာနိုင်ငံတွင်းက ဖေ့စ်ဘွတ်ခ်အကောင့် ၁၈ ခု၊ အင်စတာဂရမ်အကောင့် ၁ ခုနဲ့ လူပေါင်း ၁၂ သန်းလောက် follow လုပ်ထားတဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာ ၅၂ ခုတို့ကို ဖယ်ရှားလိုက်တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဖေ့စ်ဘွတ်ခ် တလွဲသုံးခြင်းကို တားဆီးဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013