DVB Logo
Home
မြန်မာသတင်း
စိတ်ဓာတ်၊ ညီညွတ်မှု၊ ဉာဏ်အင်အားတို့ဖြင့် ကူညီကြရန် စီးပွားရေးသမားများကို အတိုင်ပင်ခံ ပြော
DVB
·
August 27, 2018
စိတ်ဓာတ်၊ ညီညွတ်မှု၊ ဉာဏ်အင်အားတို့ဖြင့် ကူညီကြရန် စီးပွားရေးသမားများကို အတိုင်ပင်ခံ ပြော
Donate to DVB

စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ စိတ်ဓာတ်အင်အား၊ ညီညွတ်မှုအင်အား၊ ဉာဏ်ပညာ အင်အားတို့နဲ့ အစိုးရကို ၀ိုင်းဝန်ကူညီကြပါလို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

နေပြည်တော်မှာ သြဂုတ် ၂၇ ရက် ဒီနေ့လုပ်တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

“ဓနအင်အား ရှိသင့်သလောက် မရှိသေးတဲ့အချိန်မှာ ကျမတို့ဟာ စိတ်ဓာတ်အင်အားနဲ့ ညီညွတ်မှုအင်အားနဲ့ ရပ်တည်သွားရမှာပါ။ ဒါကြောင့်မို့လို့ ဒီအချိန်မှာ ကျမတို့ စီးပွားရေး လုပ်ငန်းရှင်များ အားလုံးဟာ နိုင်ငံအတွက် စစ်မှန်တဲ့ စေတနာနဲ့ စိတ်ဓာတ်အင်အားနဲ့ ညီညွတ်မှု အင်အားနဲ့တင်မက ဉာဏ်ပညာအင်အားနဲ့ ရပ်တည်ပေးကြပါလို့ ကျမ မေတ္တာရပ်ခံ ချင်ပါတယ်။”

ဉာဏ်ပညာအင်အားဆိုတာက နိုင်ငံတော် ရေရှည်တည်တံ့ဖွံ့ဖြိုးဖို့ ဉာဏ်ပညာသုံးပြီး ၀ိုင်းဝန်းအဖြေရှာပေးကြဖို့ ဆိုလိုတာလို့လည်း ပြောပါတယ်။

နေပြည်တော်မှာ သြဂုတ် ၂၇ ရက်က ပြုလုပ်တဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံပွဲကို ကုန်သည်စက်မှုအသင်းချုပ်၊ ပြည်တွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ ဘဏ်လုပ်ငန်းရှင်တွေ အခွန်ထမ်းကုန်သည်နဲ့ လုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ ကြပါတယ်။

တွေ့ဆုံပွဲမှာ အတိုင်ပင်ခံပုဂ္ဂိုလ်က အဖွင့်စကား ပြောကြားပြီးတဲ့နောက် တက်ရောက်လာတဲ့ စီးပွားရေးလုပ်ငန်းရှင် ၃ ဦး က မေးခွန်းမေးပြီး အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သက်ဆိုင်ရာဝန်ကြီးတွေက ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။

ဒီနေ့ အစီအစဉ်ကို နှစ်ပိုင်းခွဲ ကျင်းပပြုလုပ်တာဖြစ်ပြီး အစီအစဉ် ဒုတိယပိုင်းမှာ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီးတွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ပါဝင်မယ့် စီးပွားရေးစကားဝိုင်းကို ဆက်လက်ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013