DVB Logo
Home
မြန်မာသတင်း
ဒေါ်လာဈေး မြင့်မှုကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းရမည့်အခြေအနေ ကြုံနေရ
DVB
·
August 27, 2018
ဒေါ်လာဈေး မြင့်မှုကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းရမည့်အခြေအနေ ကြုံနေရ
Donate to DVB

နိုင်ငံခြားငွေဒေါ်လာဈေး မြင့်တက်ခဲ့တဲ့ အကျိုးဆက်က ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်ငန်း ရပ်ဆိုင်းရတော့မယ့် အခြေအနေတွေအထိ ဖြစ်နေတယ်လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။

လက်ရှိ ဒေါ်လာဈေး တက်နေတဲ့အတွက် ပြည်ပကနေ အများဆုံး ဝယ်ယူနေရတဲ့ ဆောက်လုပ်ရေးသုံးပစ္စည်းတွေ ဈေးမြင့်တက်လာတာတွေက အဓိက စိန်ခ်ါမှုကြီးတရပ်လို ဖြစ်ပြီး ရပ်တည်ဖို့ အခက်အခဲတွေရှိနေတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ အသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့်က “နောက်စိန်ခေါ်မှုတက ဈေးကွက် ကျဆင်းတယ်၊ တည်ဆောက်စရိတ်တွေ မြင့်တက်တယ်။ ထိုက်သင့်သလောက် ရပ်တန့်နိုင်ပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ မူလလုပ်ထားတဲ့ ကန်ထရိုက်တွေလည်း ကတိမတည်နိုင်တော့ပါဘူး။ တတ်နိုင်သမျှ ကုမ္ပဏီအကြီးကြီးတွေ အလျော်အစား လုပ်နိုင်သူတွေကတော့ ပြီးဆုံးအောင် လုပ်နိုင်ပေမယ့် ကိုယ့်မှာ ပိုက်ဆံတပြားမှ မရှိတော့တဲ့ ကုမ္ပဏီတွေ၊ ပေါင်စရာလည်း မရှိတဲ့ ကုမ္ပဏီတွေဆိုရင်တော့ သူ့ကို တရားပဲစွဲစွဲ၊ မတတ်နိုင်တော့ဘူး။ သူမှ လျော်စရာ မရှိတာ။ အဲဒီလောက်အထိ ဖြစ်သွားနိုင်တယ်”လို့ ပြောပါတယ်။

ဒါ့အပြင် ဒေါ်လာဈေးတက်နေတာကြောင့် အိမ်ဝယ်သူတွေကလည်း နည်းနေပြီး အရောင်းအဝယ်တွေ အေးနေပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေ ဈေးတက်နေပေမယ့်လည်း အိမ်ဈေးကို တက်လိုမရတဲ့ အခြေအနေဖြစ်နေတယ်လို့လည်း လုပ်ငန်းရှင်တချို့က ပြောပါတယ်။

မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း တော်ဝင်မိသားစုကုမ္ပဏီ ဥက္ကဋ္ဌ ဦးကိုကိုထွေးက “နဂို ရောင်းရတဲ့ ပစ္စည်းတွေက အိမ်ဆောက်ရတဲ့အခါမှာ ဒေါ်လာဈေးတက်ရင် လိုက်တက်ပြီး တိုက်ရိုက်အချိုးကျတယ်။ အခု ရောင်းတဲ့အခါကျတော့ ဒီအချိုးအတိုင်း လိုက်မရောင်းရတဲ့အတွက် ဆောက်လုပ်ရေးလောကမှာ အိမ်ဆောက်တဲ့သူတွေရဲ့ အခက်အခဲနဲ့ သွားရင်ဆိုင်ရတယ်။ ဒေါ်လာဈေး တက်သွားတဲ့အတွက် ကုန်ဈေးနှုန်း ကြီးမြင့်လာတယ်။ ကုန်ဈေးနှုန်း ကြီးမြင့်တဲ့အတွက် စားဝတ်နေရေးမှာ စားရေးနဲ့ နေရေးက တဖြည်းဖြည်း ဈေးတက်လာတဲ့အတွက် နေရေးအတွက်က အာရုံစိုက်မှု နည်းသွားတဲ့အတွက် ဆောက်လုပ်ရေးကိုလာတဲ့ effect တခု ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒေါ်လာဈေး တက်တာအထိ ဆောက်လုပ်ရေးကဏ္ဍအတွက်တော့ ဆိုးကျိုးတခုလို့ ယူဆပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် အစိုးရပိုင်းမှာလည်း နိုင်ငံတကာချေးငွေတွေ ချေးငွေတွေ ချေးယူတဲ့အပိုင်းမှ ဒေါ်လာဈေး မတည်ငြိမ်မှုတွေကြောင့် ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာတွေကို ဘတ်ဂျက် ချပေး တဲ့အချိန်နဲ့ လုပ်ငန်းစတင်တဲ့အချိန်မှာ ငွေကြေးဈေး အပြောင်းအလဲတွေကြောင့် အရည်အသွေး ညံ့တဲ့ အဆောက်အအုံတွေကို ပိုင်ဆိုင်ရတယ်လို့ လွှတ်တော်ကိုယ်စားလှယ်က သုံးသပ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ၊   ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက “တပတ်အတွင်းမှာတင်ပဲ ကမောက်ကမ ဖြစ်နေတဲ့ ငွေကြေး ဖောင်းပွမှုနှုန်း၊ ငွေကြေး ဈေးကစားမှုနှုန်းတွေကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေ အရမ်းအကြီးအကျယ် ပြဿနာ ဖြစ်နေရတယ်။ မကိုက်တော့တာ ဖြစ်တဲ့အတွက် ကွာလတီညံ့တဲ့ အရည်အသွေးညံ့တဲ့ အဆောက်အဦတွေ ပိုင်ဆိုင်လိုက်ရတယ်လို့ ကျမ မှတ်ချက်ပြုချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းတွေ၊ ဝန်ထမ်းအိမ်ရာတွေ၊ နဂိုတုန်းက ဘတ်ဂျက်ချတုန်းက သတ်မှတ်ပေးလိုက်တဲ့ ဘတ်ဂျက် ဆိုတာ တနှစ်ကြိုပြီး ချထားတယ်။ သတ်မှတ်ထားတဲ့ ငွေနဲ့ ဒီနေ့ အများကြီး ကွာသွားတာ ဖြစ်တဲ့အတွက် လုပ်ငန်းရှင်တွေ လုပ်ပေးလိုက်တဲ့ ကွာလတီတွေဟာ သတ်မှတ်ထားတဲ့ ကွာလတီ မမီတာမျိုးတွေ ကျမတို့ ပိုင်ဆိုင်လိုက်ရတယ်လို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေဖြစ်တဲ့ ဘိလပ်မြေ၊ သံချောင်း၊ မီးပစ္စည်း၊ ရေသန့်ပစ္စည်း၊ အိမ်သုတ်ဆေးနဲ့ ကြွေပြား စတာတွေကို နိုင်ငံခြားကနေ အများဆုံး တင်သွင်းနေရတာပါ။

သြဂုတ်လ ၂၇ ရက်နေ့မှာ နိုင်ငံခြားငွေ အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၁၄၉၀ ကျပ်ကနေ ၁၅၀၀ ကျပ် ဝန်းကျင် ပေါက်ဈေးရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013