ကော့သောင်းတွင် အသည်းရောဂါအကြောင်း ဟောပြော၍ ကာကွယ်ဆေးထိုးနှံပေး
DVB
·
August 27, 2018

တနသာင်္ရီတိုင်းဒေသကြီး ကော့သောင်းမြို့မှာ မြန်မာနိုင်ငံ ဆရာဝန်အသင်း အစာအိမ်အူလမ်းကြောင်းနှင့် အသည်းပညာဌာနက ဘီပိုး၊ စီပိုးနဲ့ အသည်းအဆီဖုံးခြင်း အကြောင်းကို အသိပညာပေး ဟောပြောပြီး အခမဲ့ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပါတယ်။
မြန်မာနိုင်ငံ ဆရာဝန်အသင်း အစာအိမ်အူလမ်းကြောင်းနှင့် အသည်းပညာအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာကျော်စိုးထွန်းက “တကမ္ဘာလုံးနဲ့ချီပြီး မြန်မာနိုင်ငံ အပါအဝင် အသည်းရောင် အသားဝါ နာတာရှည် ဘီပိုး စီပိုးကြောင့် အသည်း ထိခိုက်ပျက်စီးတာတွေ အသည်းမာ၊ အသည်းခြောက်၊ အသည်းကင်ဆာနဲ့ သေပျောက်နှုန်းတွေ တကမ္ဘာလုံးရော၊ မြန်မာပြည်မှာရော အဖြစ်များနေတယ်။ အဲဒါကို လျှော့ချနိုင်ဖို့ ရည်ရွယ်ပါတယ်” လို့ ပြောပါတယ်။
အသည်းရောဂါနဲ့ ဘီပိုး၊ စီပိုးအကြောင်းကို အသေးစိတ် ရှင်းလင်းပြပြီး တက်ရောက်လာသူတွေလည်း ရောဂါအခြေနေတွေကို မေးမြန်းခဲ့ကြပါတယ်။
အသိပညာပေး ဟောပြောပွဲကို သြဂုတ် ၂၄ ရက်နေ့ညနေပိုင်းက ပြုလုပ်ခဲ့တာဖြစ်ပြီး အခမ်းအနားအပြီးမှာ တက်ရောက်လာသူတွေအား အသည်းရောင်အသားဝါ ဘီပိုးနဲ့စီပိုး ရှိ၊ မရှိ အခမဲ့စစ်ဆေးပေးပြီး မရှိပါက ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခဲ့ပါတယ်။
သတင်း - လတ်ကိုကိုဦး