DVB Logo
Home
မြန်မာသတင်း
ကော့သောင်းဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းရရေး ဟိုတယ်ဝန်ဆောင်မှုသင်တန်း ဖွင့်လှစ်
DVB
·
August 27, 2018
ကော့သောင်းဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းရရေး ဟိုတယ်ဝန်ဆောင်မှုသင်တန်း ဖွင့်လှစ်
Donate to DVB

ကော့သောင်းမှာ ဒေသခံတွေ အလုပ်အကိုင် အခွင့်အလမ်း ရရေးအတွက် ရည်ရွယ်ပြီး ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်းကို သြဂုတ် ၂၇ ရက်နေ့က Victoria Cliff Hotel သရဖီခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ကျွန်းပေါ်ဟိုတယ်လုပ်ငန်းရှင်တွေနဲ့ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်တာဖြစ်ပြီး အဲဒီသင်တန်းကို ကော့သောင်းမြို့ရှိ ဟိုတယ်အသီးသီးက ဝန်ထမ်းတွေ၊ ဒေသခံလူငယ်တွေနဲ့ တခြား စိတ်ဝင်စားသူလူငယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

သင်တန်းသူ သင်တန်းသား စုစုပေါင်း ၁၅၃ ဦး တက်ရောက်မှာဖြစ်ပြီး သင်တန်းကာလ ၁ လ ကြာမြင့်မယ်လို့ သိရပါတယ်။

“တနှစ်ထက်တနှစ် ခရီးသွား ပိုမိုဝင်ရောက်ပြီးတော့ ခရီးသွားတွေ တည်းခိုလုံလောက်ဖို့ အတွက် ခရီးသွား အရမ်းကျတဲ့အချိန်မှာ အခက်အခဲရှိတဲ့ အနေအထား ရှိပါတယ်။ ဒီတော့ အခုလာမယ့်နှစ်မှာ ကျွန်းပေါ်ဟိုတယ်တွေ ဖွင့်လှစ်မှာဖြစ်တဲ့အတွက် ဒေသခံတွေ အဲဒီဟိုတယ်တွေမှာ ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် ဒေသခံတွေကို ဦးစားပေးပြီးတော့ အလုပ်အကိုင် အခွင့်အလမ်း ရရှိဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်တာဖြစ်ပါတယ်” လို့ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလွမ်းမိုးက ပြောပါတယ်။

သင်တန်းကို ကျွန်းပေါ်ဟိုတယ် ၄ ခုဖြစ်တဲ့ ကျွန်းဖီလာကျွန်း၊ ငခင်ညိုကြီးကျွန်း၊ လိုဏ်ဂူကျွန်းနဲ့ ဝါ့အလယ်ကျွန်းတို့ကနေ ပံ့ပိုးကူညီပေးပြီး သင်တန်းဆင်းတဲ့အခါ ဒီဟိုတယ်တွေမှာ အလုပ်လျှောက်နိုင်တယ်လို့ သိရပါတယ်။

သင်တန်းသားတဦးက “လက်ရှိမှာတော့ ဒီခရီးသွားလုပ်ငန်းမှာ ဝန်ဆောင်မှုတွေက အရမ်းကို ကောင်းနေတယ်ပေါ့။ သင်တန်းမတက်ဘဲ အလုပ်လုပ်မယ်ဆိုရင် အတွေအကြုံတွေလည်း အများကြီးလိုအပ်မယ်ပေါ့။ လာတဲ့ ခရီးသည်တွေအပေါ်မှာ ဝန်ဆောင်မှုတွေ ကောင်းကောင်းပေးနိုင်မယ်လို့ ထင်ပါတယ်။ လူငယ်တွေရဲ့ အတွေးနဲ့ တွေးမယ်ဆိုရင် အနာဂတ်ကတော့ ကောင်းကောင်းလှမယ်ထင်လို့ ဒီသင်တန်းကို လာတက်တာပါ။”

သင်တန်းဆင်းတဲ့အခါ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနကနေ သင်တန်းဆင်းလက်မှတ် ပေးအပ်မယ်လို့လည်း သိရပါတယ်။

သတင်းနှင့်ဓာတ်ပုံ - လတ်ကိုကိုဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013