DVB Logo
Home
မြန်မာသတင်း
ပုပ္ပား​ နဂါး​မောက်​စိုက်​​တောင်​သူများ ​ယခင်​နှစ်​​ထက်​​ ဈေး​ကောင်းရနေ
DVB
·
August 27, 2018
ပုပ္ပား​ နဂါး​မောက်​စိုက်​​တောင်​သူများ ​ယခင်​နှစ်​​ထက်​​ ဈေး​ကောင်းရနေ
Donate to DVB

ကျောက်​ပန်း​တောင်းမြို့နယ်၊ ပုပ္ပားမှာ​ နဂါး​မောက်​သီးစိုက်​ ​​တောင်​သူတွေ အခုနှစ်​ အထွက်​နှုန်း​ကောင်းသလို ​ဈေး​ကောင်းရ​နေတယ်​လို့ စိုက်​ပျိုး​တောင်​သူ ဦးသိန်းထွန်းက ​ပြောပါတယ်​။

ဒီနှစ်​က အရင်​နှစ်​ထက်​ သီးထွက်​အားလည်း​ ကောင်းတယ်​၊ ​ဈေးကလည်း ၁ ကီလိုကို ၁၂၀၀ ကျပ်​​ရောင်းရတယ်​။ ၁ ကီလိုကို ကြီးရင်​ ၂ လုံး​လောက်​၊ လတ်​ရင်​ ၃ လုံး​လောက်​စီးတယ်​လို့ အပင်​တိုင်​​ရေ ၁၀၀ ​ကျော် ​စိုက်​ပျိုးထားတဲ့ ဦးသိန်းထွန်းက ဆိုပါတယ်။

“ဝယ်​လက်​​တွေကလည်း ခြံထဲအထိ လာဝယ်​​နေကြတာဖြစ်​လို့ စိတ်​ချမ်းသာရတယ်​။ အရင်​နှစ်​​တွေက ၁ ​ကီလိုကို ​၆၀၀၊ ၇၀၀ အထိ ရခဲ့ပြီး အခုနှစ်​မှာ​တော့ ​ဈေးက နှစ်​ဆလို့​တောင်​ ​ပြောလို့ရ​နေတယ်​။ နဂါး​မောက်​သီးက နယုန်​လ​လောက်​က​နေ ​တော်​သလင်းလအထိ ​လေးပြန်​​လောက်​ စွတ်​ခူးရပြီး တပြန်​ခူးရင်​ တိုင်​ ၁ ​တိုင်​စာ (​လေးပင်​စိုက်​ပျိုး တိုင်​တစ်​တိုင်​) ကို (​၁၅)ကီလို​လောက်​ ခူးစွတ်​ရတယ်​။”

ပုပ္ပားမှာ နဂါးမောက်သီးခြံ ၁၀၀ လောက်ရှိ​ပြီး အဓိက ရန်​ကုန်​ကို တင်​ပို့ကြပါတယ်။ အခုအချိန်​က အသီး အထွက်​နည်းသွားပြီဖြစ်​လို့ အခု ​လေးပြန်​​မြောက်​အချိန်​​မှာ ​ဈေးပိုလာပြီး ဇူလိုင်​လထဲမှာ အထွက်​အများဆုံး ဖြစ်​တယ်လို့ ဆိုပါတယ်။

ဒီနှစ်​ အသီး​ပေါ်စက​တော့ ၁ ​ကီလို ၈၀၀ ​​ရောင်းရပြီး အခုလမှာ​တော့ ၁၂၀၀ ​နှုန်း​ရောင်း​နေရကာ​ နောက်နှစ်ပြန်လောက် ခူးပြီးရင်​ အသီးတုံးသွားပြီလို့ ​ပြောပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013