DVB Logo
Home
မြန်မာသတင်း
ILBC ကျောင်းထဲ မူးယစ်ဆေးဖမ်းမိကြောင်း ရေးသားဖြန့်ဝေနေသူများကို အရေးယူမည်
DVB
·
August 27, 2018
ILBC ကျောင်းထဲ မူးယစ်ဆေးဖမ်းမိကြောင်း ရေးသားဖြန့်ဝေနေသူများကို အရေးယူမည်
Donate to DVB

လူမှုကွန်ရက်တွေနဲ့ သတင်းဌာနတချို့က ရေးသားဖော်ပြနေတဲ့ ILBC ကျောင်းထဲမှာ မူးယစ်ဆေးဝါးဖမ်းဆီးရမိတယ်ဆိုတာ မဟုတ်ဘဲ အဲလိုရေးသားဖြန့်ဝေနေတဲ့လူတွေနဲ့ အဖွဲ့အစည်းတွေကို အရေးယူသွားမယ်လို့ ILBC ကျောင်းအုပ်ချုပ်ရေးအဖွဲ့က ကြေညာပါတယ်။

သြဂုတ် ၂၅ ရက် ညပိုင်းက တာမွေမြို့နယ် ILBC ကျောင်းကားပါကင်မှာ စိတ်ကြွ မူးယစ်ဆေးပြား ၆၀၀၀ ကျော် ဖမ်းဆီးရမိတယ်လို့ လူမှုကွန်ရက် သုံးသူတချို့နဲ့ သတင်းဌာန တချို့က ရေးသားဖော်ပြခဲ့ပါတယ်။

ဖမ်းမိတာကို ရဲတပ်ဖွဲ့က အတည်ပြုပြီး အရေအတွက်ကိုတော့ မပြောသေးဘူးလို့လည်း အဲဒီည ၁၁ နာရီအချိန်လောက်မှာ ရေးသားထားကြပါတယ်။

ရန်ကုန်ရဲတပ်ဖွဲ့ကတော့ ည ၇ နာရီကျော်မှာ ကျောက်မြောင်းကြီးနဲ့ တာမွေလေး ရပ်ကွက်နေ သူရအောင်နဲ့ အောင်ဇော်သူ(ခ)အာလူးတို့ကို တာမွေမြို့နယ်၊ လေးထောင့်ကန် လမ်းမပေါ်က ကားဝပ်ရှော့တခုထဲမှာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀၊ ငွေ ၂ သိန်းခွဲကျော်နဲ့ ဖမ်းဆီးမိတယ်လို့ အဲဒီည ၁၂ နာရီအချိန်လောက်မှာ ထုတ်ပြန်ပါတယ်။

ILBC ကတော့ ဖြစ်စဉ်နဲ့ ဖြစ်တဲ့နေရာဟာ ကျောင်းနဲ့ လုံးဝမသက်ဆိုင်ဘဲ ကျေင်းရဲ့ အကျိုးစီးပွား၊ ဂုဏ်သိက္ခာ၊  ကျောင်းသူကျောင်းသားတွေ၊ ဆရာ ဆရာမတွေနဲ့ ဝန်ထမ်းတွေရဲ့ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013