DVB Logo
Home
မြန်မာသတင်း
ပါမောက္ခချုပ် နုတ်ထွက်ပေးရန် ပြည်တက္ကသိုလ်ကျောင်းသားများ ဆန္ဒပြ
DVB
·
August 27, 2018
ပါမောက္ခချုပ် နုတ်ထွက်ပေးရန် ပြည်တက္ကသိုလ်ကျောင်းသားများ ဆန္ဒပြ
1 / 5
Donate to DVB

ပြည်တက္ကသိုလ် ပါမောက္ခချုပ်ကို နုတ်ထွက်ပေးဖို့ ပြည်တက္ကသိုလ် ကျောင်းသားတွေဦးဆောင်ပြီး ဒီနေ့ မနက်ပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ကျောင်းသားရေးရာကိစ္စတွေ၊ ဆရာတွေ နှိမ်ထားတာတွေ၊ ဆရာတွေအပေါ်မှာ ဗျူရိုကရက်ဆန်ဆန် ပြုမှုဆက်ဆံတာတွေ ကျောင်းထဲမှာ ဆိုင်ကယ်တွေပျောက်တဲ့ကိစ္စ၊ သမဂ္ဂတွေကို နှိမ်ထားတဲ့ကိစ္စတွေ စတာတွေများလာပြီး ကျောင်းသားသမဂ္ဂတွေနဲ့ ညှိနှိုင်းမှုတွေ လည်း မလုပ်တာကြောင့် ပါမောက္ခချုပ်ကို ပြည်တက္ကသိုလ်ကနေ ဖယ်ရှားပေးဖို့အတွက် တောင်းဆို ပြည်တက္ကသိုလ်ကျောင်းသားတွေ ဆန္ဒပြသခဲ့ကြတာပါ။

ဒီဆန္ဒပြပွဲကို ပြည်တက္ကသိုလ်ကျောင်းသားသမဂ္ဂက ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်တက္ကသိုလ်ကျောင်းဝင်းထဲမှာ လှည့်လည်ပြီး အာဏာရှင်ဆန်သော ပါမောက္ခချုပ်အလိုမရှိ၊ အဂတိလိုက်စားတဲ့ ပါမောက္ခချုပ်အလိုမရှိ၊ ကျောင်းသားထုကို အကျိုးမပြုသည့် ပါမောက္ခချုပ် နုတ်ထွက်ပေးရေး၊ နိုင်ငံဝန်ထမ်းနည်း ဥပဒေချိုးဖောက်တဲ့ ဝန်ထမ်းဆိုးအလိုမရှိ၊ ကျောင်းသားထုကိုအကျိုးမပြုသည့် ပါမောက္ခချုပ် နုတ်ထွက်ပေးရေး၊ ပြည်တက္ကသိုလ်ကိုအကျိုးမပြုသည့် ပါမောက္ခချုပ်နုတ်ထွက်ပေးရေး စတဲ့ဗွီနှိုင်းတွေ၊ ကြွေးကြော်သံတွေနဲ့အတူ ကျောင်းဝန်းထဲမှာ လှည့်လည်ဆန္ဒပြသခဲ့ကြပါတယ်။

ဒီဆန္ဒပြပွဲကို မြေလတ်ဒေသက ပခုက္ကူတက္ကသိုလ်၊ ပခုက္ကူကွန်ပျူတာတက္ကသိုလ်၊ ပခုက္ကူနည်းပညာတက္ကသိုလ်၊ မကွေးနည်းပညာတက္ကသိုလ်၊ ပြည်နည်းပညာတက္ကသိုလ်၊ ပြည်ကွန်ပျူတာတက္ကသိုလ်တွေက လာရောက် ဝိုင်းရံကြပါတယ်။

အခုဆန္ဒပြပွဲကို ခွင့်ပြုမိန့်တင်ထားခြင်းမရှိဘဲ ပြသခဲ့ကြတာလို့ သမဂ္ဂရုံးကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013