
မိုးကုတ်၊ နေပြည်တော်၊ မူဆယ် ကိုယ်စားပြု ၂၀၁၉ ခုနှစ် အိမ်ထောင်ရှင်အလှ မယ်ရွေးချယ်ပွဲကို သြဂုတ်လ ၂၆ ရက်နေ့က ကချင်ပြည်နယ်မြစ်ကြီးနားမြို့မှာ ကျင်းပပြီး အလှမယ် ၃ ဦးကို ရွေးချယ်ခဲ့ပါတယ်။
Mrs Summer International Myanmar 2019 အမည်နဲ့ ကျင်းပတဲ့ ဒီပြိုင်ပွဲကို မြန်မာနိုင်ငံမြို့ပေါင်း ၄၅ မြို့မှာ ကျင်းပပြီး အိမ်ထောင်ရှင်အလှမယ်တွေကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်။
လက်ရှိမြစ်ကြီးနားမြို့မှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာတော့ မူဆယ်မြို့ကိုယ်စားပြုအလှမယ် အယ်လီဇဘက်၊ နေပြည်တော်ကိုယ်စားပြုအလှမယ် ခေါန်နန်းနဲ့ မိုးကုတ်ကိုယ်စား ပြုအလှမယ် M ဆိုင်းရာတို့က အလှမယ်ဆုတွေ ရရှိထားပါတယ်။
Mrs Summer International Myanmar 2019 ဟာ အိမ်ထောင်ရှင် အမျိုးသမီးတွေရဲ့ ယုံကြည်မှု၊ ပရဟိတနဲ့ အလှအပဆိုတဲ့ အချက်တွေကို အဓိကထား ရွေးချယ်တာလည်း ဖြစ်ပါတယ်။
ဒီပွဲကို ကချင်အနုပညာရှင်တွေ ဒီဇိုင်းနာတွေ စီနီယာ Mrs တွေ မိတ်ကပ်ပညာရှင်တွေ ၄၅ ယောက် တက်ရောက်ခဲ့ပါတယ်။











