DVB Logo
Home
မြန်မာသတင်း
ဂျာနယ်အချို့ ပြဿနာ ဖြေရှင်းပေးရန် သမ္မတထံ တောင်းဆို
DVB
·
August 1, 2012
ဂျာနယ်အချို့ ပြဿနာ ဖြေရှင်းပေးရန် သမ္မတထံ တောင်းဆို
Donate to DVB

လတ်တလော ဖြစ်ပွားနေတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး သမ္မတအနေနဲ့ မီဒီယာသမားတွေနဲ့ တွေ့ဆုံပြီး အမြန်ဆုံး ဖြေရှင်းပေးဖို့ ရန်ကုန်အခြေစိုက် စာနယ်ဇင်သမားတွေက စုပေါင်းတောင်းဆိုလိုက်ကြ ပါတယ်။

ဂျာနယ်တွေပိတ်ပြီး စာပေလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ပိုမိုဖိနှိပ်လာတဲ့အပေါ် တုံ့ပြန်ဖို့ ရန်ကုန် စာနယ်ဇင်းသမား ၉၀ ကျော် အရေးပေါ်စည်းဝေးခဲ့ကြပြီးတဲ့နောက် အခုလို တောင်းဆိုလိုက်ကြတာပါ။

ဒီနေ့တွေ့ဆုံစည်းဝေးပွဲကို ရန်ကုန်မှာရှိတဲ့ ဂျာနယ်လစ်တွေ၊ သတင်းအယ်ဒီတာတွေနဲ့ စာရေးဆရာတွေ စုံစုံညီညီ တက်ရောက်ဆွေးနွေးခဲ့ကြပြီး သတင်းလွတ်လပ်ခွင့် ကော်မတီတရပ်ကို လည်း အရေးပေါ်ဖွဲ့စည်းခဲ့ကြတဲ့ အကြောင်း အဲ့ဒီကော်မတီရဲ့ပြန်ကြားရေးတာဝန်ခံ ကိုဇော်သက်ထွေး က ပြောပါတယ်။

ကော်မတီက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ပါ အချက် ၇ ချက်ထဲက အရေးကြီးတဲ့ အချက်တချို့ကိုလည်း ကိုဇော်သက်ထွေးက အခုလို ပြောပြပါတယ်။

“အရေးကြီးတဲ့ အချက်တွေကတော့ ပိတ်ပင်ထားတဲ့ ဂျာနယ်တွေကို ချက်ချင်း ပြန်လည် ထုတ်ဝေခွင့်ပေးဖို့ ပါပါတယ်။ နောက်တခုက ခေတ်နောက်ပြန်ဆွဲတဲ့ မည်သည့် လုပ်ရပ်မျိုးကိုမဆို၊ မည်သည့်ပုဂ္ဂိုလ်မျိုးကို မဆို၊ ကျနော်တို့က အရေးယူဖယ်ရှားပေးဖို့ တောင်းဆိုတာလည်း ပါတယ်။ နောက်တခုက မီဒီယာသမားတွေ သဘောဆန္ဒမပါဘဲ ရေးဆွဲထားတဲ့ မည်သည့် မီဒီယာဥပဒေကိုမှ လက်မခံဘူးဆိုတာ ပါပါတယ်။ နောက်ဆုံး အရေးကြီးဆုံးအချက်က လတ်တလော ဖြစ်ပွားနေတဲ့ ပြဿနာများနဲ့ ပတ်သက်ပြီး မီဒီယာသမားများကို နိုင်ငံတော်ရဲ့ တာဝန်အရှိဆုံးပုဂ္ဂိုလ်က အမြန်ဆုံးတွေ့ဆုံ ဖြေရှင်းပေးဖို့ တောင်းဆိုထားပါတယ်။”

ထုတ်ဝေခွင့်ပိတ်ထားခံရတဲ့ ဂျာနယ်သုံးစောင်ကတော့ သည်ဗွိုင်၊ အင်ဗွိုင်း၊ လျှပ်တစ်ပြက် တို့ဖြစ်ပြီး တရားစွဲခံထားရတဲ့ ဂျာနယ်တွေကတော့ သည်ဗွိုင့်၊ လျှပ်တစ်ပြက်နဲ့ first weekly  တို့ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013