DVB Logo
Home
မြန်မာသတင်း
ဂျပန်-မြန်မာ ရေသဘင်ပွဲတော် လူ ၄ဝဝဝ ကျော် ပါဝင်ဆင်နွှဲ
DVB
·
August 26, 2018
ဂျပန်-မြန်မာ ရေသဘင်ပွဲတော် လူ ၄ဝဝဝ ကျော် ပါဝင်ဆင်နွှဲ
1 / 5
Donate to DVB

ဂျပန်နိုင်ငံ ဆိုင်တမခရိုင် Tsurugashima မြို့ဒေသခံ ဂျပန်လူမျိုးတွေက ဂျပန်-မြန်မာ ရေသဘင်ပွဲတော်ကို သြဂုတ်လ ၂၆ ရက်နေ့က ဦးစီးကျင်းပခဲ့ပြီး ဂျပန်-မြန်မာ စုစုပေါင်း ၄ဝဝဝ ကျော် လာရောက်ခဲ့ကြပါတယ်။

မြန်မာ့သင်္ကြန်ကျင်းပချိန် မဟုတ်ပေမယ့် ဆုရုက ရှီမ ဒေသမှာ ၄ နှစ်တကြိမ် ကျင်းပလေ့ ရှိတဲ့ မိုးဆုတောင်းပွဲတော် အကြိုပွဲနဲ့အတူ မြန်မာ့ရိုးရာသင်္ကြန်နဲ့ မြန်မာနိုင်ငံအကြောင်းကို ဒေသခံဂျပန်လူမျိုးတွေကို မိတ်ဆက်ပေးချင်တာကြောင့် အခုလို Splash Festival ကို ကျင်းပရတာပါလို့ ပွဲကျင်းပရေးကော်မတီဝင်တဦးဖြစ်တဲ့ မစ္စတာ ဟီယနော့ ယူခီအို က ဒီဗွီဘီကို ပြောပြပါတယ်။

ဂျပန်စစ်ပြန်ကြီးတဦးရဲ့သားဖြစ်သူ မစ္စတာ ရှီမားဒ က “အခုလို မြန်မာ့ ရေသဘင် ပွဲတော်နဲ့အတူ မြန်မာ့ရိုးရာအနုပညာ ရိုးရာအစားအသောက်တွေကို စုစုစည်းစည်းတွေ့ရလို့ မြန်မာနိုင်ငံအကြောင်း ပိုမိုသိရှိလာစေပြီး ဒေသခံဂျပန်တွေနဲ့ မြန်မာလူမျိုးတို့ ပိုမိုရင်းနှီး လာစေတယ်”လို့ ဆိုပါတယ်။

ပွဲတော်မှာ ဂျပန်-မြန်မာ ၂ နိုင်ငံအဆိုအကတွေအပြင် မြန်မာအစားအသောက်တွေ ရောင်းချခဲ့သလို ဂျပန်လူမျိုးတွေကလည်း ဂျပန်နွေရာသီပွဲတော် ရိုးရာအစားအသောက်တွေနဲ့ ဧည့်ခံတာကိုလည်း တွေ့ရပါတယ်။

၂ဝ၂ဝ ခုနှစ် ဂျပန်နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် အိုလံပစ်အားကစားပွဲတော်မှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ပြိုင်ပွဲဝင် မြန်မာအားကစားသမားတွေကို လက်ခံထားရှိဖို့ ဆိုင်တမခရိုင် Tsurugashima မြို့ဒေသခံတွေက အဆိုပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013