DVB Logo
Home
မြန်မာသတင်း
Codominiun Law လက်တွေ့အကောင်ထည်ဖော်ရေး ရှင်းလင်းပွဲပြုလုပ် (ဓာတ်ပုံ)
DVB
·
August 26, 2018
Codominiun Law လက်တွေ့အကောင်ထည်ဖော်ရေး ရှင်းလင်းပွဲပြုလုပ် (ဓာတ်ပုံ)
1 / 4
Donate to DVB

စုပေါင်းအဆောက်အအုံဆိုင်ရာ ဥပဒေ လက်တွေ့အကောင်ထည်ဖော် ဆောင်ရွက်နိုင်ရေး ရှင်းလင်းပွဲနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေနဲ့ သက်ဆိုင်တဲ့ ဆွေးနွေးပွဲကို သြဂုတ်လ ၂၆ ရက်နေ့က ရန်ကုန်မြို့မှာရှိတ့ Pan Pacific ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ အသင်းချုပ်က ကြီးမှူးကျင်းပတာဖြစ်ပြီး သြဂုတ် ၂၄ ရက်နေ့မှာ အတည်ပြည်လိုက်တဲ့ စုပေါင်းအဆောက်အအုံဆိုင်ရာ ဥပဒေ Codominiun Law အရ ပြင်ပ ရင်းနှီးမြှုပ်နှံမှု တိုးလာစေဖို့အတွက် နိုင်ငံခြားသား တိုက်ခန်းဝယ်ယူခွင့် ၄၀ ရာခိုင်နှုန်းခွင့်ပြုချက်ပါရှိပါတယ်။

အခုလိုမျိုး ပြင်ပရင်းနှီးမြှုပ်နှံမှု တိုးပွားဖို့ဆိုရင် တိုက်ခန်းဝယ်ယူတဲ့ နိုင်ငံခြားသားတွေ နှစ်အကန့်အသတ် ဗီဇာကင်းလွှတ်ဖို့နဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အခွန်နှုန်းလျှော့ချပေးဖို့ ကို ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက တောင်းဆိုခဲ့ကြပါတယ်။

အဲဒီပွဲကိုတော့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရ လျှပ်စစ်စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်အများစု တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013