DVB Logo
Home
မြန်မာသတင်း
ညောင်ပင်လဲကျရာမှ မိသားစု ၃ ဦးသေဆုံး၊ ၃ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ
DVB
·
August 26, 2018
ညောင်ပင်လဲကျရာမှ မိသားစု ၃ ဦးသေဆုံး၊ ၃ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ
Donate to DVB

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ဘောကထာကျေးရွာမှာ သြဂုတ်လ ၂၆ ရက် မနက် ၄ နာရီလောက်က နေအိမ်ပေါ်ညောင်ပင်လဲကျရာမှ ၃ ဦးသေဆုံးပြီး ၃ ဦးပြင်းထန်စွာ ဒဏ်ရာရရှိ ခဲ့တယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

နေအိမ်အတွင်း မိသားစု ၇ ဦးအိပ်ပျော်နေချိန် လုံးပတ် ၁၈ ပေအရှည် ၇၅ ပေလောက်ရှိ ညောင်ပင်အမြစ် လန်လဲကျရာမှ နေအိမ်ပေါ်ပိသွားခဲ့တာကြောင့် ဦးသန့်ဇင်၊ ဒေါ်လှဌေးတို့နဲ့ ၁၀ နှစ်အရွယ် သမီးဖြစ်သူတို့ သေဆုံးသွားခဲ့ကာ ကျန်တဲ့ သားသမီး ၃ ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးကို လွှဲပြောင်းပို့ဆောင်နေရတယ်လို့ ဆိုပါတယ်။

ရွှေကျင်မြို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းက “မိသားစု ၇ ဦး အိပ်ပျော်နေတဲ့အချိန်မှာ ဖြစ်သွားခဲ့တာဖြစ်ပြီး အဖေ၊ အမေနဲ့ ၁၀ နှစ်အရွယ် သမီးမိန်းကလေး ရယ် သေဆုံးခဲ့ပြီး ကျန်တဲ့ ၁၀ နှစ်၊ ၃ နှစ်ခွဲ ကလေးတွေက အခြေအနေဆိုးနေပြီ ၂ နှစ်ခွဲ ကလေးငယ်မှာ မိခင်ရင်ခွင်ထဲ အိပ်နေတာကြောင့် သက်သာပေမယ့် ၃ ဦးလုံးကို ပဲခူး ဆေးရုံကနေတဆင့် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်နေရပြီး အကိုတယောက်ကတော့ လွတ်သွားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

သေဆုံးမှုနဲ့ ပတ်သက်ပြီး ရွှေကျင်မြို့နယ် ဘောကထာနယ်မြေ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၂ / ၂၀၁၈ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

သတင်း-နေလင်းထိုက်၊ ဓာတ်ပုံ - ဒေါ်လှလှဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013