DVB Logo
Home
မြန်မာသတင်း
မူးယစ်ဆေးဖမ်းဆီးရာတွင် ပြန်ခုခံသဖြင့် သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီး၊ ၁ ဦး ဒဏ်ရာရ
DVB
·
August 26, 2018
မူးယစ်ဆေးဖမ်းဆီးရာတွင် ပြန်ခုခံသဖြင့် သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီး၊ ၁ ဦး ဒဏ်ရာရ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောင်မြို့နယ်မှာ ဩဂုတ်လ ၂၅ ရက်နေ့ ညပိုင်းက  မူးယစ်ဆေးဝါးကျော်ဇောသူကို တာဝန်ရှိသူတွေက သွားရောက်ဖမ်းဆီးရာမှာ ပြန်လည်ခုခံလို့ သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီလို ပစ်ခတ်ခဲ့ရတဲ့အတွက် အောင်တုတ်ဆိုသူမှာ ဗိုက်ဖောက်ဝင် မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့တာပါ။

ဖမ်းဆီးရာမှာ ပါဝင်ခဲ့တဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေက "အဲဒီ လူတွေက မူးယစ်ကျော်ဇောတွေ။ သတင်းရတာက ကြာပြီ။ မနေ့ကတော့ အပိုင်ဆိုပြီး သွားကြတာပေါ့။ ကျနော်ရယ်၊ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေရယ်၊ မီးသတ်တပ်ဖွဲ့ဝင်တွေရယ်၊ မူးယစ်တား လူငယ်တွေရယ်ပေါ့။ အားလုံး ၁၅ ယောက်လောက်ရှိတယ်။ တဲရောက်တော့ တဲပေါ်တက်သမျှလူကို ရဲဒင်းနဲ့ခုတ်တာ။ အဲဒါနဲ့ ဖမ်းဆီးရေးမှာပါတဲ့ ရဲဒုတပ်ကြပ်က သူ့ကိုင်ထားတဲ့ သေနတ်နဲ့ပစ်လိုက်တာ။ လက်ဦးလို့ လက်မဦးရင် သေကုန်မှာ သူတို့မှာလည်း တူမီး ၂လက်ရှိတယ်။"လို့ ပြောပါတယ်။

အခင်းဖြစ်ပွားရာနေရာက ဗန်းမောက်မြို့နဲ့ ၁၂ မိုင်ခန့်ကွာဝေးတယ်လို့ ဆိုပါတယ်။

အောင်တုတ်အပါအဝင် တဲပေါ်မှာ မန်ရှင်းဆိုသူတို့ကို ဘိန်းဖြူ စုစုပေါင်း၂.၄ ဂရမ်၊အရှည် ၅ ပေခန့်စီရှိတဲ့ တူမီးသေနတ် ၂လက်၊ ရဲဒင်း ၁လက်တို့ နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာရရှိခဲ့တဲ့ အောင်တုတ်ဆိုသူကိုတော့ ဗန်းမောက်မြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူဖို့ ပို့ဆောင်ထားပြီး မန်ရှင်းဆိုသူကိုတော့ ရဲစခန်းမှာ ဖမ်းချုပ်ထားတယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိသူ ၂ ယောက်စလုံးကိုတော့ ဗန်းမောက်မြို့မရဲစခန်းမှာ မယ(ပ)၇၇/၂၀၁၈၊ မူးစိတ်ပုဒ်မ ၁၆(ဂ)/၂၁/၂၂(ခ) တို့နဲ့ အမှုဖွင့် အရေးယူထားတဲ့အပြင် လူသတ်ရန်ကြံစည်မှု ရာဇသတ်ကြီးပုဒ် ၃၀၇ နဲ့ပါ ထပ်မံ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013