DVB Logo
Home
မြန်မာသတင်း
မလှိုင်မြို့နယ်တွင် ရေတွင်းအဟောင်းဆယ်ရာမှာ မီးခိုးငွေ့ကြောင့် ပြုတ်ကျသေဆုံး
DVB
·
August 26, 2018
မလှိုင်မြို့နယ်တွင် ရေတွင်းအဟောင်းဆယ်ရာမှာ မီးခိုးငွေ့ကြောင့် ပြုတ်ကျသေဆုံး
Donate to DVB

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် ထန်းပင်ကောက်ရွာအနောက်ဘက် မလှိုင်-မြင်းခြံ သွား ကားလမ်းအနီးမှာ သြဂုတ် ၂၅ ရက်နေ့လယ်က အများသုံးကျောက်စီရေတွင်းဟောင်းကို ပြန်ဆယ်ရာ အင်ဂျင်မီးခိုးငွေ့ကြောင့် အောက်ဆီဂျင်ပြတ်ပြီး အမျိုးသား ၁ ဦး ရေတွင်းထဲ ပြုတ်ကျသေဆုံးသွားတယ်လို့ မလှိုင်မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

ဖြစ်စဉ်မှာ နှစ် ၅ဝ ကျော်ကြာ ကျေးရွာနေပြည်သူ အများသုံး ကျောက်စီရေတွင်းကို ရွာလူထုက သန့်ရှင်းရေးလုပ်ဖို့ ပြန်ဆယ်ရင်းက ရေတွင်းထဲရှိ ရေတွေကို စုပ်ယူဖို့ ရေတွင်း အလယ်လောက်မှာ တန်းထိုးပြီး အင်ဂျင်စက်တလုံးထားကာ နေ့လယ် ၁ နာရီလောက်မှာ ရေတွင်းထဲ ဆင်းတဲ့ ထန်းပင်ကောက်ရွာက ကိုကျော်သက် (၂၃ နှစ်) ပြုတ်ကျသွားခဲ့ပါတယ်။ ကိုကျော်သက်ကို ပြန်ဆယ်ဖို့ ရွာခံ ကိုမြင့်စိုးအပါ ၃ ဦးတို့ ရေတွင်းထဲ ဆင်းရာ အသက်ရှုကြပ်လို့ ပြန်တက်လာပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ကို အကူအညီ တောင်းခံခဲ့ကြတာပါ။

မြို့နယ်မီးသတ်ဦးစီးဦးဇေယျာအောင်က "ရေတွင်းအနက်က ပေ ၅ဝ လောက်၊ အကျယ် ၆ ပေလောက် ရှိတယ်။ ရေတွင်းအလယ်လောက်မှာ ထန်းတက်လှေခါးကို တန်းသဖွယ်လုပ်ပြီး အင်ဂျင်ချထားတယ်။ အဲမီးခိုးငွေ့တွေက အသက်ရှူ ကြပ်စေတာပါ။ မီးသတ်တပ်ဖွဲ့ဝင် ၇ ဦးနဲ့ ရေတွင်းထဲက လေကို မှုတ်တယ်၊ အဲလိုလုပ်ဆင်းပြီး ကိုကျော်သက် အလောင်းကို ဆယ်ယူနိုင်တယ်" လို့ ပြောပါတယ်။

မြို့နယ်မီးသတ်တပ်ဖွဲ့က ကိုကျော်သက်ကို ဆယ်ယူနိုင်ခဲ့ပေမယ့် ခေါင်းဒဏ်ရာတွေနဲ့ သေဆုံးနေတယ်လို့ မလှိုင်မြို့မရဲစခန်းရဲအရာရှိက ပြောပါတယ်။

"ကိုကျော်သက်မှာ ဦးခေါင်းနောက်စေ့ပေါက်တယ်။ ဘယ်လက်သန်း လက်ဆစ် ပေါက်တယ်။ အဲဒဏ်ရာတွေနဲ့ သေဆုံးတယ် သေမှုသေခင်း အမှုဖွင့်စုံစမ်းနေပါတယ်"လို့ ပြောပါတယ်။

ကိုကျော်သက် သေဆုံးတာနဲ့ ပတ်သက်ပြီး မလှိုင်မြို့မရဲစခန်းမှာ ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်/မဟုတ် သေမှုသေခင်းအမှတ်စဉ် ၈/၂ဝ၁၈ နဲ့ အမှုဖွင့် စုံစမ်းနေပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013