DVB Logo
Home
မြန်မာသတင်း
သိမ်းဆည်းမြေကိစ္စ မြေစစ်မူဝါဒများကို သေချာမသိဟု ဒုသမ္မတ ဝေဖန်
DVB
·
August 26, 2018
သိမ်းဆည်းမြေကိစ္စ မြေစစ်မူဝါဒများကို သေချာမသိဟု ဒုသမ္မတ ဝေဖန်
Donate to DVB

သိမ်းဆည်းမြေကိစ္စ စိစစ်ရေးအောက်ခြေအဖွဲ့တွေဟာ ပီပီပြင်ပြင် ဖွဲ့စည်းထားတာ မရှိတဲ့အပြင် မြေစစ်မူဝါဒတွေကိုလည်း သေချာမသိကြဘူးလို့ ဒုသမ္မတ ဟင်နရီဗန်ထီးယူက ပြောပါတယ်။

မနေ့က တောင်ငူမှာလုပ်တဲ့ တပ်သိမ်းစွန့်လွှတ်မြေတွေ ပြန်ပေးတဲ့ အခမ်းအနားမှာ ပြောခဲ့တာပါ။

ဒုဝန်ကြီးတွေပါတဲ့ လုပ်ငန်းစိစစ်ရေးအဖွဲ့ ၄ ဖွဲ့ရဲ့ တင်ပြချက်တွေအရ အောက်ခြေမှာ ဖွဲစည်းထားတဲ့ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ် မြေစစ်ကော်မတီတွေကို ပီပီပြင်ပြင် မဖွဲ့စည်း ထားတာ၊  မူဝါဒ ၅၂ ချက်ကို အောက်ခြေ ဖြေရှင်းဆောင်ရွက်နေသူတွေက ကျေကျေလည်လည် မသိရှိတာတွေ တွေ့ရပြီး မြေစစ်ကော်မတီအဆင့်ဆင့်ကို ထိထိရောက်ရောက် လုပ်ကိုင်နိုင်ဖို့ အဲဒီအဖွဲ့တွေ ကွင်းဆင်းစိစစ်ချိန်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်နိုင်အောင် အလေးထားဆောင်ရွက်စေလိုတယ်လို့ ပြောပါတယ်။

သိမ်းဆည်းမြေဆိုင်ရာ အမှုတွဲတွေ အမြန်ပြီးပြတ်အောင် ဖြေရှင်းနိုင်ရေးအတွက် လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီတွေကို တိုင်းကနေ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုအထိ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တောင်သူ လယ်သမားအဖွဲ့အစည်း ကိုယ်စားလှယ်တွေ ပါဝင်ဖွဲ့စည်း တာဝန်ပေးအပ်ပြီး သိမ်းဆည်းမြေ ပေါ်မှာ စီမံကိန်းအကောင်အထည် ဖော်ပြီး အမှန်တကယ် အသုံးချတာ ရှိ၊ မရှိ၊ သိမ်းဆည်းထား တဲ့ မြေတွေကို ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် အသုံးချတာ ရှိ၊ မရှိနဲ့ မြေဧကအများကြီး လွှဲပြောင်းယူထားပေမယ့် လုပ်ငန်းအကောင်အထည်ဖော်တာ မရှိတဲ့ မြေတွေကိုစိစစ်ပြီး မူလပိုင်ရှင် အစစ်အမှန်တွေကို မြေယာဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပြန်လည်စွန့်လွှတ် လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်ပေးနေတယ် လို့လည်း ပြောပါတယ်။

ပြီးတော့ ဥပဒေနဲ့အညီ လွှဲပြောင်းယူထားပြီး လက်တွေ့မှာလည်း နိုင်ငံတော်နဲ့ အများပြည်သူ အကျိုးအတွက် တကယ်ထိထိရောက်ရောက် သုံးနေတဲ့မြေတွေရှိလို့ ဌာနဆိုင်ရာ တွေက ပြန်မစွန့်လွှတ်နိုင်ရင်လည်း ပွင့်ပွင့်လင်းလင်း အသိပေးရှင်းလင်းတာတွေ လုပ်နေတယ် လို့လည်း ပြောပါတယ်။

ဒါ့အပြင် ပြန်လည်စွန့်လွှတ်မယ့် ဝန်ကြီးဌာနတွေအနေနဲ့လည်း မြေတွေ ပြန်စွန့်လွှတ်ဖို့ အဖွဲ့နဲ့ မြေပြင်ကွင်းဆင်း စစ်ဆေးစိစစ်ရာမှာ အဆုံးအဖြတ်ပေးနိုင်တဲ့သူတွေ လိုက်ပါဖို့ လိုတယ်လို့လည်း ဆက်ပြောပါတယ်။

အဲဒီပွဲမှာ တပ်သိမ်းမြေ တောင်ငူ၊ အုတ်တွင်းနဲ့ ကျောက်ကြီးမြို့နယ်တွေက တပ်မတော် က သိမ်းဆည်းပြီး ပြန်စွန့်လွှတ်တဲ့ မြေဧက ၄၈၁ ဒသမ ၉၃ ကို မူလတောင်သူ ၁၂၃ ယောက်ကို ယာယီလုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ ၃ တွေနဲ့ ပြန်ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013