DVB Logo
Home
မြန်မာသတင်း
ရေဘေးကယ်ဆယ်ရေးစခန်းများတွင် လူပေါင်း ၂ သောင်းခန့် ဆက်လက်ခိုလှုံနေရ
DVB
·
August 26, 2018
ရေဘေးကယ်ဆယ်ရေးစခန်းများတွင် လူပေါင်း ၂ သောင်းခန့် ဆက်လက်ခိုလှုံနေရ
Donate to DVB

ရေကြီးရေလျှံလို့ ကယ်ဆယ်ရေးစခန်းတွေမှာ မနေ့ကအထိ လူပေါင်း ၂ သောင်းလောက် ဆက်လက်ခိုလှုံနေရတုန်းဖြစ်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ကရင်နဲ့ မွန်ပြည်နယ်၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာ ကယ်ဆယ်ရေးစခန်း ၅၂ ခု ဖွင့်ထားပြီး လူပေါင်း ၁၈၄၂၂ ယောက် ခိုလှုံနေရတာလို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။

နိုင်ငံတဝန်းမှာ ရေကြီးရေလျှံဖြစ်ခဲ့တာကြောင့် တိုင်းနဲ့ ပြည်နယ် အများစုမှာ ရေဘေးကယ်ဆယ်ရေး စခန်း ၄ဝဝ လောက် ဖွင့်ခဲ့ရပြီး အခုတော့ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ကယားနဲ့ ရှမ်းပြည်နယ်တို့မှာတော့ စခန်းတွေ အားလုံးကို ပိတ်သိမ်းခဲ့ပြီလို့ ဆိုပါတယ်။

လက်ရှိမှာတော့ ကရင်ပြည်နယ်မှာ ရေကြီးရေလျှံတာ အများကြီး ဖြစ်နေသေးတာကြောင့် စခန်း ၁၈ ဖွင့်ထားရပြီး လူပေါင်း ၁၃ဝဝဝလောက် ပြောင်းရွှေ့နေထိုင်နေရတာပါ။

နိုင်ငံတဝန်းက ရေကြီးရေလျှံမှုတွေကြောင့် လူပေါင်း ၁ သိန်းကျော် ပြောင်းရွှေ့ခဲ့ရပြီး အိမ်ခြေ ၃ဝဝလောက် ပျက်စီးခဲ့သလို လူပေါင်း ၂၃ ယောက် သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013