DVB Logo
Home
မြန်မာသတင်း
မန္တလေးတိုင်းအစိုးရဟောင်း ငွေကျပ် သန်း ၃ ထောင်ကျော် အရစ်ကျ ပြန်ပေးမည်
DVB
·
August 26, 2018
မန္တလေးတိုင်းအစိုးရဟောင်း ငွေကျပ် သန်း ၃ ထောင်ကျော် အရစ်ကျ ပြန်ပေးမည်
Donate to DVB

မန္တလေးတိုင်း အစိုးရအဖွဲ့ဟောင်းက လက်ရှိအစိုးရအဖွဲ့ကို လွှဲပြောင်းဖို့ ကျန်နေသေးတဲ့ ငွေကျပ် သန်း ၃ ထောင်ကျော်ကို အရစ်ကျ ပြန်လည်ပေးဆပ်သွားမယ်လို့ စာပို့လာတယ်လို့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။

သြဂုတ် ၂၆ ရက်နေ့က နေပြည်တော် စည်ပင်ဧည့်ရိပ်သာ ၂ မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အန်အယ်လ် ဗဟိုအလုပ်အမှုဆောင် (CEC) အစည်းအဝေးအပြီး သတင်းမီဒီယာတွေ မေးမြန်းမှုအပေါ် အခုလို ဖြေကြားခဲ့တာပါ။

“ရမှာ။ ငွေစာရင်းမှာရှိတဲ့ ငွေတွေကို သူတို့ ပြန်ပေးပါလိမ့်မယ်။ ကတိခံပြီးသွားပြီ။ ကျနော်က သတင်းစာရှင်းလင်းပွဲ လုပ်တာပဲလေ။ သူတို့ ပြန်ပေးလိမ့်မယ်။ သူတို့အရစ်ကျ ပြန်ပေးလိမ့်မယ်။ ကျနော့်ဆီ စာဝင်ပြီးပြီ”

ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်မှာ မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးရဲမြင့်က ကြွေးကျန် ငွေကျပ်သန်း ၃ ထောင်ကျော်ဟာ ပြည်သူ့ဘဏ္ဍာငွေမဟုတ်တဲ့အတွက် ပြန်ပေးဖို့ မရှိကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြောကြားခဲ့ပြီးနောက် အခုလို ပြန်ပေးမယ်ဆိုပြီး စာပို့လာတာလည်း ဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးရဲ့ စစ်ဆေးချက်အရ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ရန်ပုံငွေစာရင်းငွေစုစာအုပ် လက်ကျန်ငွေ ကျပ်သန်း ၂၃၀၀ ကျော်၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ရန်ပုံငွေ ခေါင်းစဉ်အောက်ကနေ ထုတ်ချေးထားတဲ့ ပြင်ဦးလွင် ပန်းပွဲရုံ ချေးငွေ ၁၀ သန်း၊ မီးလင်းရေးချေးငွေ ၃၆၉.၆ သန်း၊ စဥ့်ကူး အမက ၂၇ ကျောင်းကို ချေးငွေ ၄၃ သန်းအပါဝင် စုစုပေါင်း ၄၂၂ သန်းကျော်၊ ကျပ် ၃၇၅ သန်း အစုရှယ်ရာ ပိုင်ဆိုင်ထားပေမယ့် အကျိုးအမြတ် တစုံတရာမရှိတဲ့ ကိစ္စရပ်တွေအပါအ၀င် စုစုပေါင်း ငွေကျပ် သန်း ၃ ထောင်ကျော် ပြန်ပေးသွင်းရမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013