DVB Logo
Home
မြန်မာသတင်း
ရေကြီးမှုကြောင့် ၁၄ နှစ်အရွယ် ကလေးတဦး ဓာတ်လိုက်သေဆုံး
DVB
·
August 1, 2012
Donate to DVB

ပဲခူးမြို့ ကျောက်ကြီးစုရပ်ကွက်မှာ အသက် ၁၄ နှစ်အရွယ် ကလေးတဦး လှေမှောက်ပြီး ဓာတ်ကြိုးကို ကိုင်မိတဲ့အတွက် ဓာတ်လိုက်သေဆုံးသွားတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

ပဲခူးမြို့မှာ ပဲခူးမြစ်ရေ မြင့်တက်မှုကြောင့် မြစ်နား အနိမ့်ပိုင်း ရပ်ကွက်တွေဖြစ်တဲ့ အုန်းဆက်ကုန်း၊ ရွာသစ်၊ ကျောက်ကြီးစု၊ ကျောက်တွင်းကုန်း၊ မြို့သစ်၊ ရှမ်းစု၊ မဇင်း၊ ဇိုင်းဂနိုင်း တောင်-မြောက်၊ ရပ်ကွက်ကြီး ၇ ခုနဲ့ ကျွန်းသာယာ ရပ်ကွက်တွေမှာ ရေကြီးနေတဲ့အတွက် လှေနဲ့သွားလာရာမှ အခုလို လှေမှောက် သေဆုံးခဲ့တာလို့ ဆိုပါတယ်။

“လွန်ခဲ့တဲ့ ၃ ရက်က ကျောက်ကြီး ရပ်ကွက်မှာ ရေကြီးပြီး လှေနဲ့သွားရတယ်။ စက်ရုံဆင်းတဲ့ ကလေးတွေ၊ ကျောင်းသွားတဲ့ ကလေးတွေကျတော့ လှေနဲ့သွားရတယ်။ လွန်ခဲ့တဲ့ ၃ ရက်လောက်က ကျောက်ကြီးစုရပ်ကွက်က ကောင်လေးက လှေစီးရင်း လှေမှောက်လို့ ဘေးမှာရှိတဲ့ ကြိုးတချောင်းကို ဆွဲလိုက်တာ ဓာတ်လိုက်ပြီး သေသွားတယ်။ ရပ်ကွက်ထဲမှာ မီးကြိုးတွေက ဥပဒေနဲ့အညီ သွယ်တန်းထားတာ မရှိတော့ အဲလို ဖြစ်သွားတာ။”

ရေကြီးနေတာ ၄ ရက်လောက်ရှိပြီဖြစ်ပေမယ့် အိမ်တွေ ပြောင်းရွှေ့ရတာ မရှိသေးဘူးလို့ မြို့ခံက ပြော ပါတယ်။

တောင်ငူမြို့မှာလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပသိဆည် ရေလွှတ်ချတဲ့အတွက် အိမ်ခြေ ထောင်နဲ့ချီပြီး ရေနစ်မြုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

တောင်ငူမြို့မှာ ၅၈၈ စင်တီမီတာကို  ရောက်ရှိနေပြီး နောက် ၄၈  နာရီအတွင်း အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာကို ရောက်ရှိနိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒက ခန့်မှန်းထားပါတယ်။

မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားရေးမှူး ဦးစီးဌာနရဲ့ အင်တာနက်စာမျက်နှာမှာ စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့မှာ စိုးရိမ်ရေမှတ်အထက် ၄ ပေခန့် ကျော်လွန်နေပြီး နောက် ၃ ရက်အတွင်း အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013